မျောက်ကျောက်ရောဂါ သံသယလူနာ တွေ့ရှိပါက ဝေဘာဂီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးမည်

မျောက်ကျောက်ရောဂါသံသယ လူနာတွေ့ရှိပါက ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားရန် ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မျောက်ကျောက်ရောဂါ ကာကွယ်ရေးအနေဖြင့် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့်သူများကို ကိုယ်အပူချိန် တိုင်းခြင်း၊ ကျန်းမာရေး ခရီးသွားဖောင်ဖြည့်ခြင်း၊ ခရီးသည်များကို မျောက်ကျောက်‌ရောဂါနှင့် ပတ်သက်၍ နှိုးဆော်ခြင်းများ ပြုလုပ် နေကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လ(၂၁)ရက်မှ သြဂုတ်လ(၂၆)ရက်အထိ ပြည်ပနိုင်ငံမှ ဝင်ရောက်လာသူ(၉၄၅၀)ဦးကို စောင့်ကြပ်ကြည့်ရူခဲ့ ရာတွင် လက်ရှိအချိန်ထိ မျောက်ကျောက် သံသယလူနာမတွေ့ရသေးကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Body Muscle Only ပေါင် ၁၇၀ အထိချဖို့ကြိုးစားပြီး Transform လုပ်နေတဲ့ ဘုန်းလျှံ
Next post တစ်လအတွင်း ဒေါ်လာ ၁၇၇ သန်းကျော် ဗဟိုဘဏ် ထုတ်ရောင်းထား ဟုဆို