ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၁၇)ဦးထပ်မံတွေ့ရှိ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၁၇)ဦးကို ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)၏ ဇွန် ၂ ရက်၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့သည့် မေ ၂၅ ရက်၊ ည ၈ နာရီမှ ဇွန် ၁ ရက်၊ ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာ(၁,၇၇၈)ခုအားစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၇)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၀ ဒသမ ၉၆) ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ‌‌သေဆုံးလူနာမရှိခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၆)ဦးကိုတွေ့ရှိခဲ့ရသည်ဟုလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)က ထုတ်ပြန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post Comedy Horror ဇာတ်လမ်းပုံစံ သရဲချော ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပ