
Comedy Horror ဇာတ်လမ်းပုံစံ သရဲချော ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပ
လပ်ကီးဆဲဗင်းထုတ်လုပ်ရေးက Comedy Horror ဇာတ်လမ်းပုံစံ “သရဲချော” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇွန်လ ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က ဒီဇာတ်ကားမှာ ဦးခင်လှိုင်နဲ့သွက်လက်တို့ရဲ့ပံ့ပိုးပေးမှုကြောင့် ဟာသကာရိုက်တာလေး ကြည့်နေတာပေါ့နော်။ ဒီဇာတ်ကားရိုက်ချိန် အမှတ်တရတွေများပါတယ်။ ဦးခင်လှိုင်နဲ့သွက်လက်အတွဲရယ် မသုတို့နဲ့ တီဂွမ်းအချိတ်အဆက်မိမိလေး သရုပ်ဆောင်ထားတာ ကြည့်လို့ကောင်းတယ်။ ဟာသကားဆိုပေမယ့် အချစ်လေးလည်းပါသလို နောက်ပိုင်းလေးမှာ ဒရာမာလေး နဲ့ ပရိသတ်ရင်ထဲရောက်အောင် ခံစားရမှာလေးတွေပါတယ်”လို့ အကယ်ဒမီ ရွှေထူးက ပြောပါတယ်။

အဆိုပါ ဇာတ်ကားရဲ့ ဇာတ်လမ်း ညာလက်တော်၊ ဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း) တို့က ရေးသားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပုဂံဒေသဘက်မှာ ရိုက်ကူးပုံဖော်ခဲ့တာလည်းဖြစ်ပါတယ်။သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ရွှေထူး၊ အကယ်ဒမီခင်ဝင့်ဝါ၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ၊ သုသု(ညီညီမောင် စမ်းချောင်း)၊ သွက်လက်၊ အောင်သီဟ၊ မင်းလူနတ်(ဇော်ကြီး)၊ ဦးဘဂျမ်း၊ မစုရှိုင်း စတဲ့အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။



“သရဲချော”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၆ ရက်နေ့မှစပြီး တစ်ပြည်လုံးရှိအဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသသွားမှာလည်းဖြစ်ပါတယ်။