
စိုင်းစိုင်းခမ်းလှိုင်အပါအဝင် “မိုးကုတ် ဟော့ပေါ့နဲ့ မိုင်းသာမြီးရှည်”ဆိုင်သစ်ဖွင့်ပွဲ တက်ရောက်ခဲ့တဲ့ အနုပညာရှင်များ
“မိုးကုတ် ပေါ့ဟော့နဲ့ မိုင်းသာမြီးရှည်”ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနား မင်္ဂလာပွဲကို ယနေ့ မေလ ၂၅ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ ရန်ကုန်အင်တာနေရှင်နယ်ဟိုတယ်ဝန်းထဲရှိ အမှတ် – ၃၃ဝမှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဗညားဘုန်းပြည့်၊ ပေါက်စီ၊ ပိုးမမှီသာ၊ ရွှေပိုးအိမ်၊ သဲစုညိမ်း စတဲ့သူတွေတက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
“ရွှေပိုးနဲ့ အမက ရင်းနှီးနေကြတာ တော်တော်ကြာပြီပေါ့နော်။ Chinese New Year တုန်းကလည်း အိမ်ကို ဟော့ပေါ့တွေ ပို့ပေးတယ်။ ကောင်းကောင်းလေး စားရတယ်။ ဟော့ပေါ့ကြိုက်တဲ့သူတွေက Home Made ဆိုတော့ အရသာလည်း အရမ်းရှိပြီးတော့ စားရတာ အဆင်ပြေတယ်။ အဆီလည်း အရမ်းမများတဲ့အတွက် ရွှေပိုးတို့လို့ ဝမ်းလျော့နေသူတွေအတွက် ပိုအဆင်ပြေပါတယ်။ မိုင်းသာမြီးရှည်လည်း အရမ်းကောင်းပါတယ်”လို့ သရုပ်ဆောင် ရွှေပိုးအိမ်က ပြောပါတယ်။



အဆိုပါ အခမ်းအနားမှာ အနုပညာရှင်တွေက တက်ရောက်လာသူတွေကို ဟော့ပေါ့နဲ့ မိုင်းသာမြီးရှည် စားရမယ့် ကျပ် ၁ သိန်း၊ ၂ သိန်း၊ ၃ သိန်းအပြင် ၁၀ သိန်းတန် အပြင် VIP Card , VVIP Card Gift Vocher တွေကို မဲဖောက်ပေးအပ်ခဲ့ကြပါတယ်။