
Tom Cruise နဲ့ Ana De Armas တို့ရဲ့ ကန်ဒေါ်လာ သန်း ၂၀၀ တန် ရုပ်ရှင်သစ်
ဒါရိုက်တာ Doug Liman ရိုက်ကူးသွားမယ့် ဟောလိဝုဒ်ရုပ်ရှင် Deeper မှာ နာမည်ရသရုပ်ဆောင် Ana De Armas နဲ့ ထိပ်သီးဟောလိဝုဒ်သရုပ်ဆောင် Tom Cruise တို့က အဓိကပါဝင်သွားမှာဖြစ်ကြောင်းသိရပါတယ်။
Tom Cruise ဟာ ၎င်းရဲ့ Mission — Impossibe: Final Reckoning ရုပ်ရှင်အပြီးမှာ Universal နဲ့ Warner Bros. တို့လိုစတူဒီယိုတွေရဲ့ ရုပ်ရှင်များစွာကိုရိုက်ကူးဖို့ရှိနေပြီး Top Gun 3 နဲ့ Days of Thunder sequel တွေကိုလည်း ဆက်လက်ရိုက်ကူးဖို့ရှိနေပါတယ်။ အဲဒီရုပ်ရှင်တွေထဲမှာ ဒါရိုက်တာ Doug Liman ရဲ့ Deeper ရုပ်ရှင်လည်း အပါအဝင်ဖြစ်ပြီး ထူးခြားချက်ကတော့ Tom Cruise နဲ့ တွဲနေတယ်လို့သတင်းထွက်နေတဲ့ သရုပ်ဆောင် Ana De Armas လည်း ပါဝင်သွားမှာဖြစ်ပါတယ်။

Deeper ရုပ်ရှင်ဟာ ပင်လယ်ပြင်ကိုရေငုပ်ထွက်ရာကနေကြုံတွေ့ရမယ့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အကြောင်းကိုပြသမယ့်ရုပ်ရှင်ပြီး ၂၀၁၆ ကတည်းက Idris Elba, Bradley Cooper နဲ့ Gal Gadot လို သရုပ်ဆောင်တွေ၊ Kornel Mundruczó နဲ့ Baltasar Kormákur တို့လို ဒါရိုက်တာတွေနဲ့ ရိုက်ကူးဖို့ရှိပေမယ့် ယခုအခါမှာတော့ Tom Cruise နဲ့ Ana De Armas တို့ဆီကို ရောက်ရှိလာတာပါ။
ပြသရက်နဲ့ အသေးစိတ်ကိုမသိရသေးပေမယ့် Deeper ဟာ ဘတ်ဂျက်ငွေ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ကုန်ကျနိုင်တာကြောင့် မူလဖြန့်ချိရေးစတူဒီယိုဖြစ်တဲ့ Warner Bros. က Deeper ကို တခြားကုမ္ပဏီတစ်ခုဆီကို ရောင်းချသွားဖွယ်ရှိနေပါတယ်။