အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “နှင်းဆီဆူး” The Queen (Film Series) ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

ရွှေနဒီရွှေရည် ထုတ်လုပ်ရေးက အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “နှင်းဆီဆူး” The Queen (Film Series) ကန်တော့ပေးပွဲ အခမ်းအနားကို ယနေ့ မေလ ၅ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားက မင်းသမီးတွေရဲ့ ဇာတ်လို့လည်း ပြောလို့ရပါတယ်။ ဒီးတို့က ပထမဆုံး သုံးယောက်ဆုံပြီးတော့ ရိုက်မယ့် ကားလေးပါ။ မေ@မေဂရေ့စ်ကတော့ ဒီးတို့ထက် အနုပညာနဲ့ပတ်သက်ရင် စီနီယာကျတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်ကားလေးက ပရိသတ်အကြိုက်တွေ့စေမယ့် အက်ရှင်ပိုင်းရော ဒရာမာလေးလည်းပါပါတယ်” လို့ သရုပ်ဆောင် ဒီးက ပြောပါတယ်။

ဒီဇာတ်ကားကို ဇာတ်ညွှန်း ချစ်စုခင်၊ ဇာတ်လမ်း၊ ဒါရိုက်တာ ဘုန်းသက်ပိုင်စိုးက ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်တွေအဖြစ် ချာလီ၊ နေထွဋ်၊ ဟင်နရီစံ၊ ဘုဏ်းသိုက်၊ ဘိုလေး၊ မေဂရေ့စ်၊ အမ်ဆိုင်းလူ၊ ဒီး၊ ကျော်ဇေယျ၊ မင်းသူ၊ ကျော်ဇင်ထွဋ်၊ အောင်ဇော်မင်း၊ မိုခမ်း၊ ဝင်းမင်းသန်းနဲ့ သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားကြပါတယ်။

အပိုင်း ၁၆ ပိုင်းပါတဲ့ “နှင်းဆီဆူး” The Queen (Film Series)ကို လာမယ့် မေလ ၇ ရက်မှာ စတင်ရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ