
ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် ပြန်လည် ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ပဒေသာရန်ပုံငွေ ကပွဲ ၃ ရက်တိုင်ကျင်းပမည်
ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ပဒေသာရန်ပုံငွေ ကပွဲကို ၃ ရက်တိုင်တိုင် ရန်ကုန်မြို့ ဒဂုံမြိုနယ်ရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ အနုပညာလောကသားတွေက လက်တလောဖြစ်ပေါ်လာခဲ့တဲ့ သဘာဝငလျင်ဘေးဒဏ်သင့်ပြည်သူတွေ ခံစားနေရတာတွေကို တော်တော်လေးကို စိတ်မကောင်းတော်တော်လေးကို တော်တော်ဖြစ်မိပါတယ်။ ဒီအတွက်ကြောင့် အမြဲတမ်းက အနုပညာလောကသားတွေက ကိုယ့်မိသားစုတွေ ခံစားရတာမို့ ခုလို ငလျင်ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေပဒေသာကပွဲစီစဉ်ဖြစ်တာပါ။ ၃ ရက်တိုင်တိုင် ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ပွဲလက်မှတ်တွေရောင်းချရင် ပါဝင်လှူဒါန်းရင်းနဲ့ အလှူငွေပါဝင်နိုင်ပါတယ်။ မကြာခင် လက်မှတ်ဈေးနှုန်းတွေကို ကြေညာပေးမှာပါ “လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။
အဆိုပါ ရန်ပုံငွေကုန်ပဒေသာပွဲအတွက် ယနေ့ မေလ ၄ ရက်နေ့မှာတော့ အောင်ခေတ်မင်း ထုတ်လုပ်ရေးက စီစဉ်သူ စည်သူအောင်က “ချစ်ဆုံးအပေါင်ဆိုင်” တစ်ရပ်ခန်းရပ် ဟာသပြဇာတ်ချစ်ဆုံးအပေါင်ဆိုင်(တစ်ခန်းရပ်ပြဇာတ်)နဲ့ တင်ဆက်ကြမှာဖြစ်ပါတယ်။


ဒီပြဇာတ်ကိုတော့ ဇာတ်လမ်းဇာတ်ညွှန်း၊ ဒါရိုက်တာ သန်းထိုက်(ရွှေရိပ်)က သရုပ်ဆောင်တွေက ကျော်ထက်အောင်၊ ကျော်ထက်ဇော်၊ ကိုကိုဦး၊ သီဟအောင်၊ မင်းပိုင်၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ အေးဝတ်ရည်သောင်း၊ မမဆောင်းတို့က ပါဝင်တင်ဆက်ကြမှာလည်းဖြစ်ပါတယ်။
ရုပ်ရှင်သဘင်ဂီတပဒေသာရန်ပုံ ငွေကပွဲကိုတော့ လာမယ့် မေလ ၁၀ ရက်နေ့ ညနေ ၅နာရီခွဲမှာ ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံမှာ မြန်မာနိုင်ငံရုပ်ရှင်စည်းအရုံးအဖွဲ့သားတွေက ဖျော်ဖြေတင်ဆက်မှာဖြစ်ပြီးမေလ ၁၁ ရက်မှာ မြန်မာနိုင်ငံ ဂီတအစည်းအရုံးအဖွဲ့သားတွေ၊ မေလ ၁၂ ရက်မှာ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးအဖွဲ့သားတွေက ပါဝင်တင်ဆက်က,ပြဖျော်ဖြေသွားမှာဖြစ်ပါတယ်။