“ကံဆက်ကန်” The Lake ၏ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

Canal + Myanmar FG နဲ့ FG Series Production တို့ ပူးပေါင်းစီစဉ်ရိုက်ကူးထုတ်လုပ်မယ့် “ကံဆက်ကန်” The Lake ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကိုတော့ ရန်ကုန်မြို့ ကျိုက္ကစံစေတီတော်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။

“ကံဆက်ကန်” ရုပ်မြင်သံကြား ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကိုတော့ လင်းနဲ့ ယမင်းဖြိုးဝေ တို့က ရေးသားရေးညွှန်းထားကြပြီး ဒါရိုက်တာ ထွန်းထက်အာကာဗို နဲ့ လက်ထောက်ဒါရိုက်တာ ကျော်မျိုးသူတို့က ဖန်တီးရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။

“ဒီဇာတ်လမ်းတွဲကတော့ Canal + က ထုတ်လုပ်တာမို့ Series တိုင်းက လူအင်အားကောင်းကောင်းနဲ့ ရိုက်ချက်တွေကြောင့် ပြသတာတွေ ထိရောက်မှုရှိတာမို့ လက်ခံရိုက်ဖြစ်တာပါ။ ဒါက Asia Channel လိုင်းဖြစ်တော့ ကိုယ့်ဇာတ်ကားတွေ နိုင်ငံ တကာလိုင်းမှာလည်းတင်တာမို့ တကယ်လည်း ရင်ခုန်တယ်။ ဇာတ်လမ်းကိုဖတ်ကြည့်ချိန်မှာလည်း ကောင်းတယ်။ MRTV-4 မျိုးဆက်သစ်လူငယ် သရုပ်ဆောင်လေးတွေနဲ့ ပူးပေါင်းရိုက်ကူးမှာမို့ ပရိသတ်ကြိုက်မယ့် ဇာတ်လမ်းတွဲဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဒီဇာတ်ကားမှာ အေးမြတ်သူက အိမ်ထောင်ရှင် တစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်”လို့ ဒီဇာတ်လမ်းတွဲ မှာ ပါဝင်ထားတဲ့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။

“ကံဆက်ကန်” ရုပ်မြင်သံကြား ဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေအဖြစ် ကျော်ဆု၊ အကယ်ဒမီ အေးမြတ်သူ၊ ဟိန်းရတု၊ ဝိုင်းရွှေရည်၊ ဥဩသံသာ၊ နေဝန်း၊ မင်းမြတ်သုခ၊ ယု၊ လွန်း၊ ဝေယံထက်၊ သက်ထက်၊ ခန့်ကျော်ကောင်း၊ စိုင်းဇေယျ၊ ပန်ဆု၊ ရာဇာထွန်း၊ ပန်သုခ၊ နေနော်၊ အရိုင်း၊ ထူးသာ၊ ဂျိုကာ၊ အကယ်ဒမီ ချိုပြုံး၊ အကယ်ဒမီ ခင်မိုမိုအေး၊ ကလေးသရုပ်ဆောင် ရွှန်းလဲ့ဝတီနိုင် နဲ့ သရုပ်ဆောင်များစွာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post NU ဆီ ပိုမယ့်လက်နက်ခဲယမ်း အများအပြားကို ဘန်ကောက်မှာ ထပ်မံဖမ်းမိ
Next post (၂၆-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်