ငါးကြိမ်မြောက် ငလျင်ဘေးသင့်အလှူအဖြစ် ကျပ် သိန်း ၁၀၀၀ နဲ့အတူ စားသောက်စရာတွေကို ကိုယ်တိုင်သွားလှူရင်း အားပေးစကားတွေပြောခဲ့တဲ့ ဖြူဖြူထွေး

သဘာဝဘေးအန္တရာယ်တွေ ကြုံတိုင်းမှာ နိုင်တဲ့အင်အားနဲ့ အမြဲတမ်းလှူဒါန်းမှုတွေလုပ်ဆောင်ပေးနေတဲ့ သရုပ်ဆောင်ဖြူဖြူထွေးကတော့ ငါးကြိမ်မြောက် ငလျင်ဘေးသင့်အလှူအဖြစ် ကျပ်သိန်း ၁၀၀၀ နဲ့အတူ စားသောက်စရာတွေကို ကိုယ်တိုင်သွားလှူရင်း အားပေးစကားတွေပြောဆိုခဲ့ပါတယ်။

“ခုလှူဒါန်းတာကတော့ ငါးကြိမ်မြောက်သွားလှူတာပါ။ ငွေသားပဲ သိန်း ၁၀၀၀ ပါ။ လူအရောက်အပေါက် နည်းတဲ့ နေရာတွေကို လှူသွားမှာပေါ့နော်။ အရင်လိုပဲ ခေါက်ဆွဲခြောက်တွေ မုန့်တွေနဲ့ပါပါတယ်။ အဓိက ငွေသား လှူမှာပေါ့နော်။ တချို့ အိမ်လေးတွေပြန်ဆောက်ပြီး နေနိုင်အောင်လို့ပါ။ ကိုယ်တိုင်က အလှူမခံဘဲနဲ့ ပါဝင်လှူဒါန်းကြတဲ့ ခုနှစ်ရက်သားသမီးတွေက ကိုယ့်ကိုယုံကြည်ပြီးတော့ ပါဝင်လှူဒါန်းကြတာပါ။ သွားလှူဖြစ်တဲ့ အခါတိုင်းမှာ သမီးဝင်ငွေလေးတွေလည်း ပါပါတယ်။ သမီးကို မြင်ပြီးတော့ စိတ်ခဏတာလေး သက်သာပျော်ရွှင်တာ တွေ့ရလို့လည်း အရမ်းကို ပီတိဖြစ်ရပါတယ်။ တွေ့လိုက်ရင် သီချင်းတွေနဲ့ ဖျော်ဖြေပေးဖို့လည်း တောင်းဆိုကြတယ်။ ဘဝ အမောတွေပြေနိုင်ပါစေလို့ ဆုတောင်းပါတယ်”လို့ သရုပ်ဆောင် ဖြူဖြူထွေးက ပြောပါတယ်။

သူမကတော့ ငလျင်ဘေးထိခိုက်ခံရသူတွေအတွက်လည်း စတုတ္ထမြောက်အလှူမှာ ကျပ်သိန်း ၁၀၀၀ နဲ့ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ကိတ်မုန့်၊ မုန့်မျိုးစုံ၊ အသင့်စားစရာ၊ အစားအစာ အသုံးအဆောင်ပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ YouTube ကနေ ဝင်ငွေသိန်းပေါင်း ၁၅၀ ရရှိထားတာကိုလည်း ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“အားလုံး ခုချိန်မှာ စိတ်ဒုက္ခတွေ သောကတွေ ရောက်နေချိန်မှာ မဟုတ်တဲ့ သတင်းတွေမတင်ဆက်ဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ သမီးစပြီး လူသိများကတည်းက ခုချိန်ထိပေါ့နော်။ ဘယ်သူအကူအညီ ဘယ်သူ့အထောက်အပံ့မှမပါဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ့်ရပ်တည်ပြီး ကြိုးစားလာခဲ့တာပါ။ အဲဒီအတွက် ဂုဏ်ယူပါတယ်။ သမီးနောက်မှာလည်း မိသားစုရှိပါတယ်။ ဝိုင်းဝန်းပေးကြတာက မိသားစုတွေပါ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ငလျင်ဒဏ် ထိခဲ့သည့်ကျောက်ဆည်မြို့၌ ပြန်လည် ထူထောင်ရေးများလုပ်​နေ