အမုန်းမြစ် ဇာတ်လမ်းတွဲမှာ မနွယ်ဆိုတဲ့ တအား စိတ်ပုတ်တဲ့ကာရိုက်တာမို့ ဝိုင်းဆဲတာခံနေရတယ် ဆိုတဲ့ ဆုထက်လှိုင်

ပရိသတ်တွေ ကြိုက်နှစ်သက်နေတဲ့ကြ “အမုန်းမြစ်” ဇာတ်လမ်းတွဲမှာ မနွယ်ဆိုတဲ့ တအား စိတ်ပုတ်တဲ့ ကာရိုက်တာမို့ ဝိုင်းဆဲတာခံနေရတယ်လို့ သရုပ်ဆောင် ဆုထက်လှိုင်က ဖွင့်ဟလာပါတယ်။

“ဆုထက်က ဒီဇာတ်လမ်းတွဲမှာ အကျင့်မကောင်းတဲ့ မနွယ်ကာရိုက်တာပေါ့နော်။ ကိုယ်က သီဟဦး@ ချာလီရဲ့ အကိုကိုယူပြီးတော့ သီဟဦးနဲ့ အမာ@ဝင့်ယမုံနိုင်တို့ကို ယောက္ခမနဲ့ ချွေးမကြားက ရန်တိုက်ပေးသူ ဆိုတော့ မုန်းကြတာပေါ့နော်။ ဒီကြားထဲ သီဟဦးရဲ့ရင်သွေးလေးကို ကိုယ့်ကလေးခေါ်ထားလိုက်တော့လေ။ သဘောကောင်းမလိုလိုနဲ့ တအားစိတ်ပုတ်တော့လေ ပရိသတ်ဆဲကြတာပေါ့နော်။ “ဒေါင်းယဉ်ပျံဘုံနဘေးက စာရေး လို့ထားချင်တယ်”ဆိုတဲ့ မမဦး ကာရိုက်တာက အချစ်ခံခဲ့ရပေမယ့် ဒီအမုန်းမြစ်မှာ ပရိသတ်က မုန်းနေကြတာပေါ့နော်။ အမြဲတမ်းက အေးအေးလေးပဲ မြင်နေရတော့လေ။ ပရိသတ်မုန်းပေးလို့လည်း ကျေးဇူးတင်ပါတယ်”လို့ သူမက ဆိုပါတယ်။

အမုန်းမြစ် ဇာတ်လမ်းတွဲကို ဒါရိုက်တာ သိန်းဟန်(ဖီးနစ်) ရိုက်ကူးထားပြီး သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင်၊ ဇင်မျိုး၊ ချာလီ၊ ဝင့်ယမုံနိုင်၊ နေ့သစ်အေးအောင်၊ ဆုထက်လှိုင်၊ ပိုင်အုပ်စိုးအောင်၊ သိန်းလင်းစိုး၊ မေသင်းကို၊ နှင်းအိဝင့်ဝါ၊ တေဇာကျော်၊ မင်းခန့်ကို၊ အကယ်ဒမီဇော်ဦး၊ ဒေါင်းဝေနဲ့ အနုပညာရှင်များစွာပါ ဝင်ထားကြပါတယ်။

သူမကတော့ ဂီတလမ်းကြောင်းပေါ်က အောင်မြင်မှုတစ်ခုရပြီးတော့ သရုပ်ဆောင်လမ်းကြောင်းပေါ် ရပ် တည်လာသူလည်း ဖြစ်ပါတယ်။ လက်ရှိ HEY Play နဲ့ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်နေတဲ့ အမုန်းမြစ် ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်တေးကိုလည်း ဆုထက်လှိုင်က သီဆိုထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာလူမျိုးများ၏ ပြင်းပြသောစိတ်ဓာတ်သည် ငလျင်ကြောင့် ကျိုးပဲ့ပျက်စီးသွားမှုမရှိဟု နစက ဥက္ကဋ္ဌပြော