
မုန့်ချိုအိတ်ယောင်နေသလို အစာအိမ်ယောင် သွေးကြောပိတ်ရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ စွမ်းဇာနည်
အက အဆို သရုပ်ဆောင်တွေမှာလည်း ပရိသတ် ချစ်ခင်မှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဇာတ် မင်းသား စွမ်းဇာနည်ကတော့ မုန့်ချိုအိတ်ယောင်နေသလို အစာအိမ်ယောင် သွေးကြောပိတ်ရောဂါကြောင့် ဆေးကုသမှုခံယူနေတာလည်း ဖြစ်ပါတယ်။
“စွမ်းရဲ့ ကျန်းမာရေးက အားမရတာပေါ့။ မုန့်ချိုအိတ်လည်း ယောင်တယ်။ အသည်းလည်း ပိုကြီးလာတယ်။ အသည်းလည်း သိပ်မကောင်းဘူး။ ပေါင်သွေးကြောပိတ်နေတာပါ။ အခုန်အပေါက်အကတွေ သိပ်လုပ်လို့ မရဘူး ဖြစ်သွားတယ်။ သူက အနုပညာနဲ့ ပတ်သက်ရင် အရမ်းတော်တယ်။ သူက ပရိသတ်ကို ချစ်တယ်။ သူ့ ကိုယ့်သူ မချစ်တာလေ။ ဖြတ်လိုက် ပြန်လုပ်လိုက်နဲ့ဆိုတော့ နည်းနည်းလေး လုပ်တာရှိသလို စိတ်ညစ်တော့ ပြန်များသွားတာရှိတာပေါ့။ ခဏခဏလည်း ဖြတ်ပေးပါတယ်။ လုံးလည်ချာလည် ရိုက်သလိုဖြစ်နေတယ်။ဆေးကုသမှုခံယူနေတုန်းပါ။ နည်းနည်း သက်သာလာပါပြီ။ မစိုးရိမ်ရတော့ပါဘူး”လို့ ဂီတမှူး ပေါ်သျှံက ပြောပါတယ်။

လက်ရှိအချိန်မှာ အစာမစားတာရက်များလာတဲ့အတွက် ရေသောက်ရင်တောင် ပြန်အန်ထွက်တဲ့ အခြေ အနေဖြစ်နေတာလည်း ဖြစ်ပါတယ်။ စွမ်းဇာနည်က မေလ ၁၆ ရက်ကတည်းက ဆေးကုသမှု သေချာခံယူနေတာလည်းဖြစ်ပြီး ဇာတ်မင်းသား ဝေလင်းထက်က ပါဝင်ကူညီစောင့်ရှောက်ပေးသလို သက်သာလာဖို့ အချိန်ယူ ကုသရမယ်လို့ သိရပါတယ်။