မေလ ၁၈ ရက်မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦးဆွမ်းကျွေး ကျင်းပမယ့် ကောင်းပြည့်နဲ့ သန္တာဗိုလ်

ချစ်သူသက်တမ်း ၁၃ နှစ်ကျော်ရှိလာတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးတို့ကို မကြာခင် ကျင်းပသွားမှာဖြစ်ပါတယ်။

“စွံ ကုန်ပြီဟေ့ One of my Favorite Couples လေးပါ” လို့ အကယ်ဒမီ ဖွေးဖွေးက ပရိသတ်သိအောင် ပြောလာပါတယ်။ သူတို့ဟာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးတို့ကို လာမယ့် မေလ ၁၈ ရက် နံနက် ၉ နာရီမှာ မှော်ဘီမြို့၊ ဂျပန်ဘုရား၊ အောင်ဇမ္ဗူတောရဓမ္မရိပ်သာမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ချစ်သူစုံတွဲကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ဆိုရင် ၁၃ နှစ်တောင်ရှိခဲ့ပြီ ခုနောက်ပိုင်းမှာ ရန်သိပ်မဖြစ်တော့တာ ၆ နှစ်လောက်တော့ရှိပြီလို့ ဆိုပါတယ်။

” ဗိုလ်တို့ရဲ့ မင်္ဂလာပွဲကို ဒီနှစ် မကုန်ခင်လုပ်ဖို့ စီစဉ်နေပါတယ်။ ကြီးကြီးကျယ်ကျယ် မင်္ဂလာဆောင်မယ့်အစား ရိုးရိုးရှင်းရှင်းနဲ့ပဲဆောင်ဖို့ မင်္ဂလာပွဲလုပ်ဖို့ စဉ်းစားထားတယ်။ တကယ်တော့ ပကာသနတွေထက် နှစ်ယောက်သား ကျေနပ်ဖို့ပဲ လိုပါတယ်” လို့ သရုပ် ဆောင် သန္တာဗိုလ်က အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရန် လမ်းညွှန်ချက်စာစောင်များ ဖြန့်ချီ