ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရန် လမ်းညွှန်ချက်စာစောင်များ ဖြန့်ချီ

ငလျင်ကြောင့်ပျက်စီးသွားသည့် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရန် လမ်းညွှန်ချက်စာစောင်များကို မေလ (၁၃) ရက်တွင် ဖြန့်ချိလိုက်ကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီထံက သိရပါတယ်။

အဆိုပါ စာစောင်အား အများပြည်သူအနေဖြင့် စနစ်တကျ ပြန်လည်ပြင်ဆင်နေထိုင်နိုင်ရန်အတွက် ရည်ရွယ်၍ ဖြန့်ချီခြင်းဖြစ်ကြောင်း သိရပါတယ်။ ထိုပြင် အစိမ်းရောင် ၊ အပြာရောင် နှင့် အဝါရောင်အဆင့်သတ်မှတ်ချက်ရှိသော အဆောက်အအုံများတွင် အဖြစ်များသော ပျက်စီးမှုများကို ပြန်လည် ပြင်ဆင်နိုင်ရန်အတွက်လည်း ရည်ရွယ်ကြောင်း အသိပေးထားပါတယ်။

လက်ရှိအချိန်အထိ စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော် မြိုများတွင် စစ်ဆေးခဲ့သည့် အဆောက်အအုံစုစုပေါင်း (၂၀၀၀၀) ခန့် ရှိသည့်အနက် ပြန်လည်အသုံးပြုနိုင်သည့်အဆောက်အအုံ စုစုပေါင်း (၁၄၆၀၄) လုံး ၊ အသေးစိတ် စစ်ဆေးရန် လိုအပ်သည့် အဆောက်အအုံ စုစုပေါင်း (၃၀၀၀) လုံး နှင့် အကြီးစားပြန်လည်ပြင်ဆင်ရန်နှင့် ငလျင်အားဖြည့်မွမ်းမံရန် လိုအပ်သည့် အဆောက်အအုံ စုစုပေါင်း (၁၉၅၄) လုံးခန့်ရှိကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မေလ ၁၈ ရက်မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦးဆွမ်းကျွေး ကျင်းပမယ့် ကောင်းပြည့်နဲ့ သန္တာဗိုလ်