
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နှင့် နစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရုရှားတွင် တွေ့ဆုံ
ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပနေသည့် ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရောက်ရှိနေကြသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နှင့် နစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ရုရှားနိုင်ငံမှာ သီးခြားတွေ့ဆုံခဲ့ကြသည်။
၄င်းတို့နှစ်ဦး တွေ့ဆုံမှုများသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတွင်တွေ့ခဲ့သည့် မှတ်တမ်းများရှိထားသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping နှင့် ၂၀၂၀ ထိတွေ့ဆုံဆွေးနွေးမှု ၆ ကြိမ်ရှိခဲ့ဖူးသည်။



သမ္မတရှီက မကြာသေးမီက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး အတွက် ဝမ်းနည်းကြောင်းနှင့် အကူညီပေးသွားမည့်အကြောင်း စာလွှာကို နစက ဥက္ကဋ္ဌထံ မတ်လ၂၉ရက်က ေပးပို့ခဲ့ပြီး မန္တလေးငလျင်ကြီးနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အကူအညီများစွာ ပေးခဲ့သည်။