မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် နစက ဥက္ကဋ္ဌနှင့်ဇနီး ရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာ

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပမည့် ၁၉၄၁ – ၁၉၄၅ မဟာမျိုး ချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် ယနေ့ မေ ၇ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံသို့ချစ်ကြည်ရေးခရီးစဥ်အဖြစ် နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်အတူ နစက အဖွဲ့ဝင်များ၊ အစိုးရအ ဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများလိုက်ပါသွားကာ ခရီးစဥ်အတွင်း၌ နစက ဥက္ကဋ္ဌသည် ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကိုတက်ရောက်သွားမည်ဖြစ်ပြီး အခမ်းအနားတက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။

နစက ဥက္ကဋ္ဌသည် ရုရှားနိုင်ငံသို့သွားရောက်မည့်ချစ်ကြည်ရေးခရီးစဥ်အတွင်း နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံ ရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံံတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများပိုမိုတိုး တက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။

နစက ဥက္ကဋ္ဌ၏ဇနီးမှလည်း ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ နစက ဥက္ကဋ္ဌနှင့်အတူ ရုရှားနိုင်ငံသို့ တစ် ပါတည်းသွားရောက်မည်ဖြစ်ပြီး ခရီးစဥ်အတွင်း၌ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

နစက ဥက္ကဋ္ဌသည် ပြီးခဲ့သည့် မတ် ၃ ရက်မှ မတ်လ ၁၀ ရက်နေ့ အထိ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဥ်အဖြစ် ရက်ရှည်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရန်၊ ပိုမိုတိုးတက်ခိုင်မာရန်ဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post (၈-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်