
မန္တလေးတိုင်းခရိုင် (၇)ခုရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့်သူများအတွက် သင်ကြားရေးစခန်းများဖွင့်လှစ် ပို့ချပေးနေ
မန္တလေးတိုင်း ခရိုင်(၇)ခုအတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများအတွက် သင်ကြားရေးစခန်းများဖွင့်လှစ် ပို့ချပေးနေကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်သင်ကြားပို့ချမှုကို ဘာသာရပ်များအလိုက် တက္ကသိုလ်ပါမောက္ခများ၊ ကျောင်းများရှိ သီအိုရီပိုင်း ဆရာ/ဆရာမများက ရက်ပေါင်း(၅၀)ခန့်အတွင်း ပြန်လည်လေ့ကျင့်သင်ကြားပို့ချခြင်းကို အပြီးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


“ပါမောက္ခတွေ သင်ကြားပေးပြီး ကျောင်းက ဆရာမတွေက ပြန်ဂိုက်လိုင်းပေးတယ်။ အားလုံးပြန်ဖြေကြရတာဆိုတော့ ဒီနှစ် မကြိုးစားလိုက်ရင် နောင်နှစ်က တစ်နှစ်လုံးပြန်ကြိုးစားရမှာ။ အခုက ပါမောက္ခတွေ လာသင်ပေးတဲ့အတွက် စာမေးပွဲအတွက် ပိုအထောက်အပံ့ဖြစ်ပါတယ်။ လိုအပ်တာရှိရင်လည်း အကူအညီတောင်းကြဖို့ ပြောပါတယ်”ဟု မန္တလေး မြို့အမှတ် (၁၆) အခြေခံပညာ အထက်ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသူတစ်ဦးက ပြောသည်။
More Stories
KNU နှင့် PDF များ မိုင်းခွဲဖျက်ဆီးလိုက်မှုကြောင့် အစိုးရက ပြန်လည်ပြင်ဆင်နေသော မိုးကောင်းတံတား ထပ်မံမိုင်းခွဲခံရပြီး ကျိုးကျပျက်စီး
KNU နှင့် PDF များ မိုင်းခွဲဖျက်ဆီးလိုက်မှုကြောင့် အစိုးရက ပြန်လည်ပြင်ဆင်နေသော မိုးကောင်းတံတား ထပ်မံမိုင်းခွဲခံရပြီးနောက် ကျိုးကျပျက်စီးသွားမှုကြောင့် ကုန်ကားကြီးများသွားလာမရသည့် အခြေအနေဖြစ်ပေါ်နေကြောင်း သိရသည်။ ယမန်နှစ် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၃ နာရီ...
တရုတ်နိုင်ငံမှ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီမှု ၁၁ ကြိမ်မြောက်အဖြစ် အသင့်နေအိမ်အလုံး ၃၄၀ ထောက်ပံ့ ရောက်ရှိလာ
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ရာ အဆိုပါကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးအိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်...
ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော အလုပ်သမားများအတွက် ကျပ် ၂၁ ဘီလျံကျော် ထောက်ပံ့ပေးရန် နိုင်ငံတော်ကစီမံနေကြောင်း နစကဥက္ကဋ္ဌ ပြောကြား
ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော အလုပ်သမားများအတွက် ကျပ် ၂၁ ဘီလျံကျော် ထောက်ပံ့ပေးရန် နိုင်ငံတော်ကစီမံနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပြောကြားလိုက်သည်။ နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏...
ရန်ကုန်နှင့် မန္တလေးတွင် လေတိုက်ပြီးမိုးရွာသွန်းကာ သစ်ပင်လဲကျမှုများဖြစ်
ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက်ပိုင်းနှင့် ဧပြီ ၂၈ ရက်ညပိုင်းတို့က လေတိုက်ပြီးမိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ လိပ်ကန်လမ်းနှင့် ကွက်သစ်လမ်းထောင့်တွင် ယနေ့ ဧပြီ...
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်လူ၊ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲ ပြုလုပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်လူ၊ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲကို ဧပြီလ ၂၈ ရက်(ယနေ့) နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့၊...
ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အနေဖြင့် တပ်မတော်အတွက် စစ်လက်နက်ပစ္စည်း အမျိုးမျိုးအား စွမ်းရည်ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အနေဖြင့် တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းအမျိုးမျိုးအား စွမ်းရည်ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ပြီး အရည်အသွေး ပိုကောင်းသည့်ထက် ပိုကောင်းအောင်၊ စွမ်းဆောင်ရည်မြင့်မားသည့်ထက် မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ပြုလုပ်သည့် (၇၅) နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့...