
ရန်ကုန်နှင့် မန္တလေးတွင် လေတိုက်ပြီးမိုးရွာသွန်းကာ သစ်ပင်လဲကျမှုများဖြစ်
ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက်ပိုင်းနှင့် ဧပြီ ၂၈ ရက်ညပိုင်းတို့က လေတိုက်ပြီးမိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။


ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ လိပ်ကန်လမ်းနှင့် ကွက်သစ်လမ်းထောင့်တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက် ၆ နာရီခွဲခန့်က သစ်ပင်လဲကျကာလမ်းပိတ်နေသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၂၈ ရက်ည ၉ နာရီ ၂၀ မိနစ်ခန့်ကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ မြို့ပတ်လမ်းတွင်သစ်ပင်လဲကျပြီး လမ်း ပိတ်နေသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
More Stories
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်လူ၊ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲ ပြုလုပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်လူ၊ ပြည်သူများအား ရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲကို ဧပြီလ ၂၈ ရက်(ယနေ့) နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့၊...
ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အနေဖြင့် တပ်မတော်အတွက် စစ်လက်နက်ပစ္စည်း အမျိုးမျိုးအား စွမ်းရည်ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အနေဖြင့် တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းအမျိုးမျိုးအား စွမ်းရည်ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ပြီး အရည်အသွေး ပိုကောင်းသည့်ထက် ပိုကောင်းအောင်၊ စွမ်းဆောင်ရည်မြင့်မားသည့်ထက် မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ပြုလုပ်သည့် (၇၅) နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့...
KNU ဆီ ပိုမယ့်လက်နက်ခဲယမ်း အများအပြားကို ဘန်ကောက်မှာ ထပ်မံဖမ်းမိ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သောင်ဆောင်ဟောင်ရဲစခန်းက စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်တွေဟာ လက်စီခရိုင်၊ သောင်ဆောင်ဟောင် ခရိုင်ခွဲ၊ ဆွိုင်ချိန်းဝတ္တနာ (၁၂) လမ်း၊ လမ်းသွယ် (၂) မှာရှိတဲ့ ကွန်ဒိုမီနီယံ အခန်းတစ်ခုမှာ သိုဝှက်ထားတဲ့ လလက်နက်ခဲယမ်းများစွာကို မနေ့က ဖမ်းမိခဲ့ပြီး ဒီလက်နက်ခဲယမ်းတွေဟာ...
ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့၍ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီစုစုပေါင်း ၇၂ ခုအထိရှိလာ
ပအိုဝ်းအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီက ယနေ့တွင် ပါတီတည်ထောင်ခွင့် လာရောက်လျှောက်ထားခဲ့၍ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီစုစုပေါင်း ၇၂ ခုရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ...
မန္တလေးငလျင်နှင့်ပတ်သက်၍ ရုရှားနိုင်ငံရှေ့နေချုပ်က နစက ဥက္ကဋ္ဌ ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
အလွန်အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရခြင်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov က နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဧပြီ ၂၄ ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။ သဝဏ်လွှာတွင် မိမိအနေဖြင့် အဆွေတော်၏ နိုင်ငံတွင်လှုပ်ခတ်ခဲ့သော...
ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှု
အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၂၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိကအဆောက်အဦအချို့အား...