
မန္တလေးငလျင်နှင့်ပတ်သက်၍ ရုရှားနိုင်ငံရှေ့နေချုပ်က နစက ဥက္ကဋ္ဌ ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
အလွန်အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရခြင်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov က နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဧပြီ ၂၄ ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။


သဝဏ်လွှာတွင် မိမိအနေဖြင့် အဆွေတော်၏ နိုင်ငံတွင်လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ဝမ်းနည်းဖွယ်ရာကိစ္စများ ဖြစ်ပေါ်ခဲ့ခြင်းအပေါ် များစွာဝမ်းနည်းရကြောင်း၊ မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှုများဖြင့် ဤတုန်လှုပ် ခြောက်ခြားဖွယ်ရာဖြစ်ရပ်ကို ကျော်လွှားနိုင်ပါစေဟု ဆုတောင်းအပ်ပါကြောင်း ရေးသားထားသည်။
ထို့ပြင် မိမိအနေဖြင့် ထိခိုက်ခံစားရသူများ၏ ဆွေမျိုးမိတ်ဆွေများ၏ ဝမ်းနည်းပူဆွေးမှုကို ထပ်တူနားလည်ခံစားရပါကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များအားစာနာအားပေးပါကြောင်းလည်း သဝဏ်လွှာ၌ရေးသားထားသည်။
More Stories
ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှု
အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၂၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိကအဆောက်အဦအချို့အား...
ပျဥ်းမနား အမှတ်(၁)မြို့မစျေးအသစ်ပြန်လည်တည်ဆောက်စဥ် အောင်မင်္ဂလာဝန်းအတွင်း ယာယီဈေးဖွင့်လှစ် ရောင်းချသွားမည်
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ပျဥ်းမနားမြို့၊ အမှတ် (၁)မြို့မစျေးကြီးအား အသစ်ပြန်လည်တည် ဆောက်နေချိန်၌ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ အောင်မင်္ဂလာဝန်းအတွင်းတွင် ယာယီဈေးဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပျဥ်းမနားမြို့၊ အမှတ်(၁)မြို့မစျေးအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ...
ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု TikTok တွင်သတင်းမှားလွှင့်ခဲ့သူ ဂျွန်မိုးသဲကိုဖမ်းဆီး
ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀ နာရီက မုံရွာမြို့တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ...
ပုပ်ရဟန်းမင်းကြီးကွယ်လွန်ခြင်းအတွက် နစက ဥက္ကဋ္ဌမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
ဗာတီကန်မြို့ပြနိုင်ငံ(Holy See)၏ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဧပြီ ၂၁ ရက်ကကွယ်လွန်ခဲ့သဖြင့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။ နစက ဥက္ကဋ္ဌမှ ဗာတီကန်မြို့ပြနိုင်ငံ(Holy See) အစိုးရအဖွဲ့အကြီးအကဲဖြစ်သည့် ဘုန်းတော်ကြီးထံသို့ ယနေ့ ဧပြီ ၂၂...
လားရှိုးမြို့သို့ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်ယာဉ်တန်း ဝင်ရောက်လာ
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ ယနေ့ (ဧပြီ ၂၂ ရက်) နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အလံများ လွှင့်ထူထားသည့် တပ်မတော်ယာဉ်တန်း ဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါ တပ်မတော်ယာဉ်တန်းတွင် ယာဉ်အစီးရေ ရာချီပါဝင်ပြီး လက်ရှိတွင် ပြည်ထောင်စုလမ်းမကြီးဘေး၌...
စာဖြေလွှာများ မီးလောင်သွားသည့်အတွက် ငလျင်ဒဏ်သင့်ဒေသများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲပြန်လည်ဖြေဆိုရမည်
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက် စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။မန္တလေး ငလျင်ကြီးလှုပ်ခတ်စဉ် တစ်ဆက်တည်းတွင် မန္တလေးတက္ကသိုလ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးသွားခဲ့ခြင်းကြောင့် ယခုကဲ့သို့...