ပျဥ်းမနား အမှတ်(၁)မြို့မစျေးအသစ်ပြန်လည်တည်ဆောက်စဥ် အောင်မင်္ဂလာဝန်းအတွင်း ယာယီဈေးဖွင့်လှစ် ရောင်းချသွားမည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ပျဥ်းမနားမြို့၊ အမှတ် (၁)မြို့မစျေးကြီးအား အသစ်ပြန်လည်တည် ဆောက်နေချိန်၌ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ အောင်မင်္ဂလာဝန်းအတွင်းတွင် ယာယီဈေးဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပျဥ်းမနားမြို့၊ အမှတ်(၁)မြို့မစျေးအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၃ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နစက ဒု-ဥက္ကဋ္ဌမှ ငလျင်ဒဏ်ကြောင့် အမှတ်(၁) မြို့မဈေးရှိ ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦ A အဆောင်နှင့် B အဆောင်နေရာများတွင် တပ်မတော်သားများနှင့် ပူးပေါင်းအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းနေမှု၊ ထိခိုက်မှုအ နည်းငယ်သာရှိခဲ့သည့် ဈေးအဆောက်အဦး C အ ဆောင်နှင့် D အဆောင်ဆိုင်ခန်းများ၏ ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့ အမှတ်(၁)မြို့မဈေးအား ၁၉၉၅ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး မြေဧက ၄ ဒသမ ၃၇၅ ဧကကျယ်ဝန်းကာ ဈေးအဆောက်အဦ A၊ B၊ C နှင့် D အဆောင်တို့မှ ဆိုင်ခန်းပေါင်း ၁၃၆၉ ခန်းအနက် ငလျင်ဒဏ်ကြောင့် A အဆောင်နှင့် B အ ဆောင်တို့မှ ဈေးဆိုင်ခန်းပေါင်း ၃၉၃ ခန်းပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိခိုက်မှုအနည်းငယ်သာရှိသည့် ဈေးအ ဆောက်အဦး C အဆောင်နှင့် D အဆောင်တို့ရှိ ဆိုင်ခန်းများကိုလည်း အခွန်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်ရောင်းချခွင့်ပြုထားကာ မြို့မဈေးကြီးအားအသစ်ပြန်လည်တည်ဆောက်နေချိန်တွင် ပျဉ်းမနားမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ အောင်မင်္ဂလာဝန်းအတွင်း ယာယီဈေးဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၄-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၄.၄.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ