
ပုပ်ရဟန်းမင်းကြီးကွယ်လွန်ခြင်းအတွက် နစက ဥက္ကဋ္ဌမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
ဗာတီကန်မြို့ပြနိုင်ငံ(Holy See)၏ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဧပြီ ၂၁ ရက်ကကွယ်လွန်ခဲ့သဖြင့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။
နစက ဥက္ကဋ္ဌမှ ဗာတီကန်မြို့ပြနိုင်ငံ(Holy See) အစိုးရအဖွဲ့အကြီးအကဲဖြစ်သည့် ဘုန်းတော်ကြီးထံသို့ ယနေ့ ဧပြီ ၂၂ ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။
နစက ဥက္ကဋ္ဌပေးပို့သည့် သဝဏ်လွှာ၌ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဗာတီကန်မြို့ပြနိုင်ငံ ပုပ်ရဟန်း မင်းကြီးဖရန်စစ် ကွယ်လွန်သွားသည်ဟုကြားသိရ၍ အလွန်စိတ်မကောင်းဖြစ်ရပြီး မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများကိုယ်စား၊ မိမိကိုယ်စား ကိုယ်တော်နှင့်ဗာတီကန်မြို့ပြနိုင်ငံပြည်သူများထံသို့ ဝမ်းနည်းကြေကွဲကြောင်းဖော်ပြလိုဟု ရေးသားထားသည်။
More Stories
လားရှိုးမြို့သို့ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်ယာဉ်တန်း ဝင်ရောက်လာ
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ ယနေ့ (ဧပြီ ၂၂ ရက်) နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အလံများ လွှင့်ထူထားသည့် တပ်မတော်ယာဉ်တန်း ဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါ တပ်မတော်ယာဉ်တန်းတွင် ယာဉ်အစီးရေ ရာချီပါဝင်ပြီး လက်ရှိတွင် ပြည်ထောင်စုလမ်းမကြီးဘေး၌...
စာဖြေလွှာများ မီးလောင်သွားသည့်အတွက် ငလျင်ဒဏ်သင့်ဒေသများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲပြန်လည်ဖြေဆိုရမည်
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက် စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။မန္တလေး ငလျင်ကြီးလှုပ်ခတ်စဉ် တစ်ဆက်တည်းတွင် မန္တလေးတက္ကသိုလ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးသွားခဲ့ခြင်းကြောင့် ယခုကဲ့သို့...
လားရှိုးမှာ ကိုးကန့်အလံတွေဖြုတ်ချပြီး နိုင်ငံ့အလံ ပြန်တင်၊ MNDAA ဒီနေ့ လားရှိုးကအပြီး ထွက်ခွာရမည်
တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုနဲ့ အထူးဒေသ (၁) နယ်မြေအဖြစ် လားရှိုးကို ကျူးကျော်သိမ်းပိုက်ထားတဲ့ တရုတ်ကိုးကန့် MNDAA ဆုတ်ခွာအပြီး ဒီနေ့မနက်မှာတော့ ကိုးကန့်အလံတွေဖြုတ်ချပြီး နိုင်ငံတော်အလံကို ပြန်တင်နေကြပြီလို့ ဒေသခံပြည်သူတချို့ထံက သိရပါတယ်။ ဧပြီ ၁၉ ရက်မှာ တပ်မတော်စစ်ကြောင်းတွေနဲ့...
ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား
ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ်များပြားလာသဖြင့် ဒေသတွင်းနေထိုင်သူများအတွက်...
မန္တလေးတောင်ခြေ စန္ဒာမုနိဘုရား ရွှေသင်္ကန်းတော် ပျက်စီးခြင်းမရှိဘဲ မူလအတိုင်း တွေ့ရှိခဲ့ရ
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော မန္တလေးတောင်ခြေ စန္ဒာမုနိဘုရားအား ရှင်းလင်းမှုများ ဆောင်ရွက်ရာ၌ အပျက်အစီးများအကြား၌ ရွှေသင်္ကန်းတော်ပျက်စီးခြင်းမရှိဘဲ မူလအတိုင်း တွေ့ရှိခဲ့ကြောင်းသိရသည်။ လက်ရှိတွင် စန္ဒာမုနိဘုရား ရှင်းလင်းဖယ်ရှားမှု ယနေ့ ဧပြီ (၂၀)ရက်၌ (၈၅ ) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ဆိုသည်။...
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌အသုံးပြုရန် စစ်ကိုင်းတိုင်းအတွက် ဘီလီယံ(၅၀)နှင့် မန္တလေးတိုင်းအတွက် ဘီလီယံ(၆၀)ကို နစက ဥက္ကဋ္ဌပေး
န္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ရာ၌အသုံးပြုရန် ငွေကျပ်ဘီလီယံ(၁၁၀)အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းမှ ငလျင်ဒဏ်ထိခိုက်မှုများကြောင့် ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ စစ်ကိုင်းမြို့ရှိ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် ရပ်မိရပ် ဖများ၊...