
မန္တလေးတောင်ခြေ စန္ဒာမုနိဘုရား ရွှေသင်္ကန်းတော် ပျက်စီးခြင်းမရှိဘဲ မူလအတိုင်း တွေ့ရှိခဲ့ရ
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော မန္တလေးတောင်ခြေ စန္ဒာမုနိဘုရားအား ရှင်းလင်းမှုများ ဆောင်ရွက်ရာ၌ အပျက်အစီးများအကြား၌ ရွှေသင်္ကန်းတော်ပျက်စီးခြင်းမရှိဘဲ မူလအတိုင်း တွေ့ရှိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် စန္ဒာမုနိဘုရား ရှင်းလင်းဖယ်ရှားမှု ယနေ့ ဧပြီ (၂၀)ရက်၌ (၈၅ ) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ဆိုသည်။ စန္ဒာမုနိဘုရားအတွင်းရှိ အပျက်အစီးများကို ရှင်းလင်းရာတွင် မန္တလေးမြို့ တော်စည်ပင်သာယာဝန်ထမ်း(၂၀၀)ဦးနှင့် တပ်မတော်သားများ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စန္ဒာမုနိ ဘုရားကြီးသည် AD ၁၆ ရာစုက ဘုရင့်နောင်မင်းတရားကြီး စတင်တည်ထားကိုးကွယ်ခဲ့ပြီး AD ၁၉ ရာစု အစောပိုင်းတွင် ပဒုံမင်းက ပြုပြင်မွမ်းမံခဲ့ရသော ဘုရားတစ်ဆူဖြစ်ကြောင်း သိရသည်။
More Stories
ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား
ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ်များပြားလာသဖြင့် ဒေသတွင်းနေထိုင်သူများအတွက်...
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌အသုံးပြုရန် စစ်ကိုင်းတိုင်းအတွက် ဘီလီယံ(၅၀)နှင့် မန္တလေးတိုင်းအတွက် ဘီလီယံ(၆၀)ကို နစက ဥက္ကဋ္ဌပေး
န္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ရာ၌အသုံးပြုရန် ငွေကျပ်ဘီလီယံ(၁၁၀)အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းမှ ငလျင်ဒဏ်ထိခိုက်မှုများကြောင့် ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ စစ်ကိုင်းမြို့ရှိ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် ရပ်မိရပ် ဖများ၊...
ပြိုကျခဲ့သည့် အင်းဝတံတား အဓိကရေလမ်းကြောင်းများ မိုးမကျမီ အစုန်/အဆန်ဖွင့်လှစ်နိုင်ရေး နစက ဥက္ကဋ္ဌမှာကြား
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် စစ်ကိုင်း တိုင်း၊ စစ်ကိုင်းမြို့ရှိ (အင်းဝ)တံတားပြိုကျပျက်စီးမှုများကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၁၉ ရက်နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့သည်။ တံတားကြီး၏ပြိုကျပျက်စီးမှုကြောင့် တံတားအပိုင်း ၄ နှင့် ၅ တို့မှ...
ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လမ်း ၊ တံတား ၊ တာတမံ နှင့်ပတ်သက်၍ ဆွေးနွေး
မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့ပြီးနောက် ရထားလမ်း၊ ကားလမ်းများပေါ်ရှိ တံတားများကြံ့ခိုင်မှုရှိစေရေးအတွက် ဆက်လက်စစ်ဆေးမှုများပြုလုပ်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၈ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ပြောကြားခဲ့သည်။ ရထားလမ်းများကို ပြုပြင်ရေးအတွက် အသေးစိတ်ဆောင်ရွက်ရန်၊ တံတားအတက်အဆင်းများချောမွေ့ပြေပြစ်စေရန် ၊...
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံတွင် တွေ့ဆုံ ဆွေးနွေး
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့(ဧပြီ ၁၇ ရက်)တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Rosewood Ploenchit ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ထိုင်း နိုင်ငံ...
ငလျင်ဒဏ် ထိခဲ့သည့်ကျောက်ဆည်မြို့၌ ပြန်လည် ထူထောင်ရေးများလုပ်နေ
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၁၅ ရက် နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ နစကဥက္ကဋ္ဌ သည် ငလျင်ဒဏ်သင့်ခဲ့သည့် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီး၊...