
ငလျင်ဒဏ် ထိခဲ့သည့်ကျောက်ဆည်မြို့၌ ပြန်လည် ထူထောင်ရေးများလုပ်နေ
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၁၅ ရက် နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
နစကဥက္ကဋ္ဌ သည် ငလျင်ဒဏ်သင့်ခဲ့သည့် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီး၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၊ အေးမြကြည်လင်ရပ်ကွက် တို့သို့ လှည့်လည်ကြည့်ရှုခဲ့ပြီး အပျက်အစီးများကိုအမြန်ဆုံးရှင်းလင်းဖယ်ရှားရေးနှင့် ပြည်လည်တည်ဆောက်ရေးတို့ကို မှာကြားသည်။



ထို့ပြင် ဆေးရုံဝန်းအတွင်း သုံးစွဲရန်သင့်သော အာမခံချက်ရှိသည့် အဆောက်အဦများကိုသာ ပြန်လည်ပြုပြင်သုံးစွဲရန်၊ ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ပေးသွားရန်နှင့် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) အား အမြန်ဆုံးပြန်လည် ဖွင့်လှစ်ရန်တို့ကိုမှာကြား ခဲ့သည်။ နစက ဥက္ကဋ္ဌသည် ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများကိုလည်း အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။