မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း ဝင်များက ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များ ၌နေထိုင်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား(လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန်တံတား(အနောက်လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)နှင့် ကျွန်းပင်သာစက်လှေဆိပ်တို့တွင် ရေဘေးရှာဖွေကယ် ဆယ်ရေးစုရပ်အဖြစ်ထားကာ ကူညီရွှေ့ပြောင်းပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ရွှေဆုပန်ဘုန်းတော်ကြီးကျောင်းနှင့် အ.မ.က(မူလွန်)ကျောင်း၊ အမှတ်(၁)မူလွန်ကျောင်း၊ အမှတ် (၁၂)အခြေခံပညာအထက်တန်းကျောင်း(ဇီးလွန်)၊ မာမက ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းခွဲ၊ အောင်သဒ္ဒိဘုန်းတော်ကြီးကျောင်း၊ ရွှေဘိုကျောင်း၊ အောင်ဇေရန်အောင်ဘုန်းကြီးကျောင်း၊ မြေမြင့်ဘုန်းတော်ကြီးကျောင်းတို့တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၁၀) ခု၌ အိမ်ထောင်စု(၈၁၀)စု၊ လူဦးရေ(၄၀၂၀)တို့ခိုလှုံနေထိုင်လျက်ရှိပြီး တာဝန်ရှိသူများမှလည်း ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ဘူး၊ ဆန်ပြုတ်ဘူးများနှင့် ရေသန့်ဘူးများကို ထောက်ပံ့ပေးလျက်ရှိ ကြောင်း သိရသည်

9

3

1

1.2K20:34

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ဇွန်လ ဒုတိယအပတ်မှာ မင်္ဂလာဆောင်တော့မယ့် ပိုင်တံခွန်တို့ ဇနီးမောင်နှံက ချစ်စရာစုံတွဲပုံလေးတွေ ချပြ