
ဘီးလင်း-နတ်ကြီးသွားကားလမ်းမပေါ်ရှိ တံတားတစ်စင်းကို လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းခွဲ ဖျက်စီး
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွားကားလမ်းပေါ်ရှိ အရှည်ပေ(၈၀)ရှိသောတံတားတစ်စင်းကို လက်နက်ကိုင်အဖွဲ့ဝင်များမှ မေ ၂၆ ရက်နံနက်ပိုင်းက မိုင်းခွဲဖျက်စီးခဲ့ကြကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့ဝင်များသည် ဘီးလင်းမြို့နယ်၊ တညင်ပင်ကျေးရွာ၏ အနောက်ဘက်မီတာ ၃၀၀ ခန့်အကွာ ဘီးလင်း-နတ်ကြီးသွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၆/၂ နှင့် ၁၆/၃ ကြား အရှည်(၈၀) ပေ၊ အကျယ်(၂၄)ပေရှိ သံကူ ကွန်ကရစ်အမျိုးအစားဖြစ်သော တံတားအမှတ်(၃/၁၇)အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် တံတား၏တောင်ဘက် ကမ်းကပ်ခုံမှာပြိုကျပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များဖြတ်သန်းသွားလာ၍မရသဖြင့် တာဝန်ရှိသူများက ပြန်လည်ပြုပြင်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များမှလည်း ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာအရေးယူနိုင်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
More Stories
ငလျင်ဒဏ်သင့် ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး မြန်မြန်ဆန်ဆန်တည်ဆောက်ရန် နစကဥက္ကဋ္ဌ မှာကြား
ငလျင်ဒဏ်သင့် ရုံးအဆောက်အဦများ ကနဦး ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်၍ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အဦတို့အား သွားရောက်စစ်ဆေးစဉ်...
မလေးရှားတွင် အာဆီယံခေါင်းဆောင်များ အစည်းအဝေးပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်နေ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြိုတော်တွင် မေ ၂၆ ရက်က အာဆီယံခေါင်းဆောင်များ အစည်းအဝေးကို ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုများကြေညာခဲ့ပြီးနောက် ယခုအစည်းအဝေးသည် ပထမဆုံးအကြိမ် အာဆီယံခေါင်းဆောင်များ အစည်းအဝေးဖြစ်ပါတယ်။ ထိုအစည်းအဝေးတွင် ထရန့်၏ အခွန်တိုးမြှင့်ကောက်ခံမှုကိစ္စ၊ မြန်မာပဋိပက္ခတွင်...
ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ၊မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင်...
တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေ
တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက်...
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က အမာခံအနေဖြင့် ဆောင်ရွက်ပေးမည်
ယခု ၂၀၂၅ ခုနှစ်အကုန် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဒေသနှင့် နိုင်ငံအကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရန်လိုအပ်ပြီး တပ်မတော်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အမာခံအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ...
ဧရာဝတီ သေမင်းတမန် ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တစ်ဦးကို ထန်းတပင် X-Ray စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိ
မေလ ပထမပတ်အတွင်းက ဧရာဝတီတိုင်း ငွေဆောင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာတဲ့ ခရီးသည်ယာဉ်ကို ထန်းတပင်မြို့ X-Ray စစ်ဆေးရေးဂိတ်၌ လုံခြုံရေးအဖွဲ့က စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားခံပြေး ဧရာဝတီ သေမင်းတမန်အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဧရာဝတီ သေမင်းတမန်...