ဧရာဝတီ သေမင်းတမန် ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တစ်ဦးကို ထန်းတပင် X-Ray စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိ

မေလ ပထမပတ်အတွင်းက ဧရာဝတီတိုင်း ငွေဆောင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာတဲ့ ခရီးသည်ယာဉ်ကို ထန်းတပင်မြို့ X-Ray စစ်ဆေးရေးဂိတ်၌ လုံခြုံရေးအဖွဲ့က စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားခံပြေး ဧရာဝတီ သေမင်းတမန်အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဧရာဝတီ သေမင်းတမန် ခေါင်းဆောင် တာဝန်ယူထားသည့် မှိုင်းဝေ(ခ) စေတန်(၂၇) နှစ်၊ ငွေဆောင်မြို့၊ အမှတ်(၁) ရက်ကွက် ဟိုတယ်၌ ဟိုတယ်ဝန်ထမ်းလုပ်ငန်း လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့၏ ရုံးတာဝန်ထမ်းဆောင်သည့် အဖွဲ့ဝင်တစ်ဦးသည် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဘေးပေါက်ကျေးရွာအုပ်စု၊ မြစ်ကြိုးကြီးရွာ၌ နေထိုင်ခဲ့သူ ဂျန်ဂျယ်နီ(ခ)စင်သီတာ (၂၀) နှစ်တို့ ဖြစ်ပါတယ်။ ဂျင်ဂျယ်နီသည် ရွေပြည်သာမြို့ရှိ အထည်ချုပ်စက်ရုံ၌ ဝန်ထမ်းလုပ်ကိုင်ပြီး ထို အဖွဲ့၌ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မုန့်ချိုအိတ်ယောင်နေသလို အစာအိမ်ယောင် သွေးကြောပိတ်ရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ စွမ်းဇာနည်