အိန္ဒိယနိုင်ငံထဲ ခိုးဝင်တဲ့ NUG လက်အောက်ခံ တမူးပကဖ ၁၀ ဦးကို အာသံရိုင်ဖယ်တပ်ရင်းက ပစ်သတ်

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က အိန္ဒိယ-မြန်မာနိုင်ငံနယ်စပ်မှာ ခိုးဝင်လာတဲ့ လက်နက်ကိုင် ၁၀ ဦးရဲ့ အလောင်းကို ပြန်လာယူဖိုအတွက် တမူးမြိုနယ်ထဲကို အကြောင်းကြားခဲ့တယ်လို သိရပါတယ်။

သေဆုံးသူ ၁၀ ဦးဟာ NUG လက်အောက်ခံ တမူးပကဖတွေဖြစ်ပြီး အိန္ဒိယနိုင်ငံထဲကို လက်နက်နဲ့ ခိုးဝင်နေတဲ့အချိန်မှာ အာသံရိုင်ဖယ်တပ်ရင်းက နယ်စပ်မှာ ကင်းလှည့်နေတဲ့အချိန်နဲ့တိုးပြီး တိုက်ပွဲဖြစ်ပွားပြီး ပစ်သတ်ခံရတယ်လို ဆိုပါတယ်။

တမူးမြိုဟာ နယ်စပ်မြိုဖြစ်ပြီး PDF များကြီးစိုးနေလို အိန္ဒိယက စောင့်ကြပ်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံက အကြမ်းဖက်အဖြစ် ကြေငြာထားတဲ့ NUG လက်အောက်ခံ တမူးပကဖတွေက အိန္ဒိယနိုင်ငံထဲကို ခိုးဝင်ပြီး လက်နက်မှောင်ခိုသယ်တာတွေနဲ့ မူးယစ်ဆေးသယ်ဆောင်တာတွေ လုပ်နေတဲ့အပြင် အိန္ဒိယက အကြမ်းဖက်သမားတွေကို လက်မခံဘဲ ရှင်းရှင်းလင်းလင်း လုပ်ပြလိုက်တဲ့ ဖြစ်စဉ် တစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၉.၅.၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ငွေလဲလှယ်နှုန်း နှင့်စက်သုံးဆီဈေးနှုန်းများ