
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ယနေ့ (မေလ ၁၈ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ကျင်းပသော ဗဟိုဌာနချုပ်ရုံးဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းပါတယ်။
ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)အနေဖြင့် လက်ရှိတွင် ရုံးခန်းပေါင်း (၁၂၀)ကျော်ဖွင့်လှစ်ထားပြီး ဖြစ်ပြီး ပါတီဝင်စုစုပေါင်း (၄)သိန်းကျော်ရှိပြီဖြစ်ကြောင်း သိရပါတယ်။
“ ပါတီဝင်တွေကလည်း ၄သိန်းကျော်သွားပြီ ။ ပထမဆုံးက သတ်မှတ်ထားတဲ့ မြို့နယ် ၁၁၀ ပြည့်မီအောင် ကြိုးစားတယ်လေ။ ပြည့်မှီတာက ပြီးခဲ့တဲ့ တစ်လ ကျော်လောက်က ပြည့်မီတယ်။ အခုလည်း ထပ်ပြီးဖွင့်နေတယ်။ ဧရာဝတီဆိုရင် ၂၆ မြို့နယ်လုံးဖွင့်နိုင်တယ်။ ရန်ကုန်မှာ ၃၀ ကျော်ပြီ။ ဒီလကုန်ဆိုရင် ၃၅ မြို့နယ်လောက်ဖွင့်နိုင်မယ်။ ပဲခူးတိုင်းက ရှိတာက ၂၈ မြို့နယ်ပဲ။ ၂၇ မြို့နယ် ဖွင့်ပြီးပြီလို့” ဦးစိုင်းအိုက်ပေါင်း ပြောပါတယ်။
More Stories
မင်းလှမြို့နယ်နှင့် နေပြည်တော် ပျဉ်းမနားတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အားဖမ်းမိ
ပဲခူးတိုင်း မင်းလှမြို့နယ်နဲ့ နေပြည်တော်ပျဥ်းမနားမြို့နယ်မှာ ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၉၈ သိန်းခန့်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်းနဲ့ စိတ်ပြောင်းဆေးဝါး Happy Water များနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိသည်ဟု...
မေလ ၂၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံမည်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှစတင်၍ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။ မိဘများအနေဖြင့် ကျောင်းအပ်နှံရာတွင် ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့...
ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရန် လမ်းညွှန်ချက်စာစောင်များ ဖြန့်ချီ
ငလျင်ကြောင့်ပျက်စီးသွားသည့် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ရန် လမ်းညွှန်ချက်စာစောင်များကို မေလ (၁၃) ရက်တွင် ဖြန့်ချိလိုက်ကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီထံက သိရပါတယ်။ အဆိုပါ စာစောင်အား အများပြည်သူအနေဖြင့် စနစ်တကျ ပြန်လည်ပြင်ဆင်နေထိုင်နိုင်ရန်အတွက် ရည်ရွယ်၍ ဖြန့်ချီခြင်းဖြစ်ကြောင်း သိရပါတယ်။ ထိုပြင် အစိမ်းရောင်...
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ ငါးဖမ်းနေသူနှစ်ဦးကို AA လက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦး ဒဏ်ရာရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တံငါသည်နှစ်ဦးမှာ မေလ ၁၂ ရက်က ရှင်မဖြူကျွန်း(Shah Porir Dwip island) အနီး နတ်မြစ်အတွင်း ငါးဖမ်းနေကြတုံးမှာ မြန်မာနိုင်ငံဘက်ခြမ်းက ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA သူပုန်တွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ AA...
ရွှေကျင်မြို့နယ် ဇလုတ်ကြီးကျေးရွာရှိ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ ခေတ္တဝင်ရောက်နေရာယူခဲ့သည့် နယ်မြေခံတပ်ရင်းအား တပ်မတော်က ပြန်လည်ထိန်းချုပ်
KNLA နှင့် PDF များ ခေတ္တဝင်ရောက်နေရာယူထားသည့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ နယ်၊ ဇလုတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်း အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ နယ်၊ ဇလုတ်ကြီးကျေးရွာရှိ နယ်မြေခံတပ်ရင်း...
နစက ဥက္ကဋ္ဌနှင့် ဇနီးတို့ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်
နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း မဟာဗောဓိညောင်ပင်တော်အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ ယနေ့ မေ ၁၁ ရက်(ကဆုန် လပြည့်နေ့)ညနေပိုင်းက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီအား ဖူးမြော်ကြည်ညိုပြီးနောက်...