ချစ်သူသက်တမ်း ၁၃ နှစ်‌ကာလမှာ သစ္စာရှိစွာနဲ့ ရွှေလက်တွဲ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်

သရုပ်ဆောင် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ရဲ့ ချစ်သူသက်တမ်း ၁၃ နှစ်‌ကာလမှာ သစ္စာရှိစွာနဲ့ ရွှေလက်တွဲခဲ့ကြပြီး မင်္ဂလာဦးဆွမ်းကပ်ခြင်းနဲ့ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို ယနေ့ မတ်လ ၁၈ ရက် နံနက်ပိုင်းက မှော်ဘီမြို့၊ ဂျပန်ဘုရားဥယျာဉ်ရှိ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ မင်္ဂလာအခမ်းအနားကို နှစ်ဖက်သော မိဘတွေတက်ရောက်ခဲ့ကြသလို အနုပညာအသိုင်းအဝိုင်းတွေကလည်း တက်ရောက်ခဲ့ပြီးတော့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ အဲဒီနောက် လက်မှတ်ရေးထိုးပွဲကို ကျင်းပခဲ့ရာမှာ အနုပညာမောင်နှမတွေဖြစ်ကြတဲ့ အမဖြစ်သူ အကယ်ဒမီ ချောရတနာ၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)၊ စစ်သွေး၊ ဖြိုးလေး၊ ချာလီ၊ တိုင်ရွန်၊ ထူးအောင်၊ အောင်လေး၊ ထက်အောင်ရှိုင်း၊ ဝါဆိုမိုးဦး၊ ခိုင်သဇင်ငုဝါ၊ ဆုလှိုင်၊ နွေးနွေးချစ်ဖွယ်၊ သင်းသဲဗိုလ်၊ ဒီး၊ မိတ်ကပ်ခင်စန်းဝင်း စတဲ့သူများစွာ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၈-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို