
အခြေခံပညာကျောင်းများတွင် ယနေ့ စတင် ကျောင်းအပ်လက်ခံ
၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများကို ယနေ့မှစတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိသတ်မှတ်ထားပြီး ကျောင်းအပ်နှံရာတွင်လည်း မည်သည့် အခကြေးငွေမျှ ပေးစရာမလိုကြောင်းနှင့်ကျောင်းသား၊ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ဘောပင်၊ခဲတံ၊ကျောင်းဝတ်စုံများကိုလည်း အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။


သို့သော်လည်း တချို့သောစာသင်အတန်းများအတွက် ကျောင်းသုံးစာအုပ်များမလုံလောက်သဖြင့် ယခင်နှစ်ကျောင်းသားများအသုံးပြုပြီး စာအုပ်အဟောင်းများနှင့်အသစ်များကို မျှပြီးထုတ်ပေးနေရကြောင်းသိရပါတယ်။ “အတန်းကြီးတွေမှာပေါ့။စာအုပ်မလောက်လို လောလောဆယ်မှာ အသစ်နဲ့အဟောင်းကိုမဲနှိုက်ပြီးပေးတယ်။အဟောင်းကျတဲ့သူက အဟောင်းယူပေါ့။ကျောင်းပြန်ဖွင့်ရင်တော့ ရမလားမရလားတော့ မကျိန်းသေဘူး။အသစ်သမားတွေကိုလည်း ဒီနှစ်သုံးပြီးရင် ကျောင်းကို ပြန်ပေးပါမယ်ဆိုတာသိရှိကြောင်း လက်မှတ်ထိုးပြီးမှပေးတာ” ဟုဗိုလ်တထောင်မြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။