
တန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်းများကို သက်သာသောအတိုးနှုန်းဖြင့် ရောင်းချပေးသွားမည်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦး စီးဌာနက ဆောက်လုပ်သော သီလဝါ၊ ယုဇနအပိုင်း(၃)၊ ရိုးမရိပ်သာနှင့် ကျန်စစ်မင်းအပိုင်း(၁) အိမ်ရာတို့ရှိ တိုက်ခန်းများကို သက်သာသောအတိုးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အိမ်ရာတို့ရှိ တိုက်(၇)လုံး၊ အခန်း (၂၄၉) ခန်းကို အ တိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ရောင်းချသွားမည် ဖြစ်သည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) ၌ ၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း(၃၀)နှင့်အထက် ပြည့် မီအောင် စုဆောင်း ထားရှိသူ (၂၀၂၀)ဦး စာရင်းတွင် ပါဝင်သူများသည် အဆိုပါ အိမ်ရာ၊ အခန်းများကို စာရင်းပေးသွ င်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ စာရင်းပေးသွင်းခြင်းကို DUHD Sale Housing Facebook Page ၏ Messenger မှ တဆင့် ဇွန်လ (၁၆) ရက်မှ (၂၀) ရက်အတွင်း စာရင်းပေးသွင်းရမည်ဖြစ်ပြီး နံနက် (၉)ခွဲမှ ညနေ (၄) အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ဝယ်ယူသူများအနေဖြင့် ရောင်းချမည့် အိမ်ရာ၏ တည်နေ ရာ၊ အဆောက်အဦ အမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်းတို့ကို ကြည့်ရှုလေ့လာပြီး အမည်၊ မှတ်ပုံတင်အ မှတ်၊ အိမ်ရာအမည်၊ အဆောက်အဦအမျိုးအစားတို့ကို ပြ ည့်စုံစွာ ဖော်ပြရမည်ဖြစ်သည်။ ငွေစုစာရင်းရှင် တစ်ဦးအတွက် (၁)ကြိမ်သာ စာရင်းပေးသွ င်းခွင့် ပြုမည်ဖြစ်ပြီး မိမိဝယ်ယူလိုသည့် အိမ်ရာနှင့် အ ဆောက်အဦ အမျိုးအစားကို သေချာစွာ စဉ်းစားပြီးမှသာ စာရင်း ပေးသွင်းရန် အသိပေးထားသည်။ အိမ်ရာ၊ အဆောက်အဦ အမျိုးအစားအလိုက် စာရင်းပေးသွင်း လျှောက်ထားသူများအနက် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယား အစောဆုံး အမှတ်စဉ် များအား မဲနှိုက်ခွင့် ပြုမည်ဖြစ်ပြီး၊ အခန်းမဲနှိုက်ခြင်းကို ဇွန်လ (၂၇) ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အခန်းဝယ်ယူခွင့် ရရှိသူသည် အိမ်ရာချေးငွေအား မဖြစ်မနေ ချေးယူရမည် ဖြစ်ကြောင်း သိရသည်။