ပြိုကျခဲ့သည့် အင်းဝတံတား အဓိကရေလမ်းကြောင်းများ မိုးမကျမီ အစုန်/အဆန်ဖွင့်လှစ်နိုင်ရေး နစက ဥက္ကဋ္ဌမှာကြား

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် စစ်ကိုင်း တိုင်း၊ စစ်ကိုင်းမြို့ရှိ (အင်းဝ)တံတားပြိုကျပျက်စီးမှုများကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၁၉ ရက်နံနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့သည်။

တံတားကြီး၏ပြိုကျပျက်စီးမှုကြောင့် တံတားအပိုင်း ၄ နှင့် ၅ တို့မှ သံဘောင်များသည် အဓိကရေလမ်းကြောင်းများသို့ကျရောက်နေခြင်းဖြစ်သည်။ အဆိုပါ သံဘောင်များကို မိုးမကျမီအတွင်း ဆယ်ယူဖယ်ရှားခြင်းလုပ်ငန်းများကိုအမြန်ဆုံးစတင်၍ ရေလမ်းကြောင်း အစုန်/အဆန် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန် နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ထို့အတူ ပြိုကျပျက်စီးခဲ့သည့် တံတားသံဘောင်များအား ရှင်းလင်းဖယ်ရှားနိုင်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများကို နစက ဥက္ကဋ္ဌအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လမ်း ၊ တံတား ၊ တာတမံ နှင့်ပတ်သက်၍ ဆွေးနွေး
Next post ငလျင်ဘေးအလှူအဖြစ် ငွေသားသီးသန့် သိန်းခုနစ်သောင်းနဲ့ ပစ္စည်းတန်ဖိုး သိန်း ငါးထောင်ဖိုးဝန်းကျင်ကို လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ