
စာဖြေလွှာများ မီးလောင်သွားသည့်အတွက် ငလျင်ဒဏ်သင့်ဒေသများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲပြန်လည်ဖြေဆိုရမည်
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက် စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။မန္တလေး ငလျင်ကြီးလှုပ်ခတ်စဉ် တစ်ဆက်တည်းတွင် မန္တလေးတက္ကသိုလ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးသွားခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြန်လည်ဖြေဆိုစေရန် စီစဉ်ခြင်းဖြစ်သည်။
မန္တလေး တက္ကသိုလ် မီးလောင်မှုအတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပါဝင်သွားခဲ့သ ည်။အဆိုပါ ဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် လ (၁၆) ရက်မှ (၂၁) ရက်အထိ ပြန်လည် ကျင်းပစစ်ဆေးသွားမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
ယခင် ၂၀၂၅ ခုနှစ် မတ်လအတွင်း စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ ခရို င်၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမည်ဖြစ်သည်။
ပြန်လည်ဖြေဆိုရမည့် သူများထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အထက (မင်းကင်း) ၊ အထက(ပန်ဆက်)၊ အထက(၁) တမူး၊ အထက(ရွှေဘို) ၊ အထက(၁)ရေဦး၊ အထက(ဗန်းမောက်) ၊ အထက(ဝန်းသို) ၊ အထက(မော်လိုက်)၊ အထက(ကင်းတပ်) နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများ မပါဝင်ကြောင်းလည်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
ယခုပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့် ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ဇွန်လ (၁) ရက်မှ (၁၅) ရက်အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။