ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့၍ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီစုစုပေါင်း ၇၂ ခုအထိရှိလာ

ပအိုဝ်းအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီက ယနေ့တွင် ပါတီတည်ထောင်ခွင့် လာရောက်လျှောက်ထားခဲ့၍ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီစုစုပေါင်း ၇၂ ခုရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ပအိုဝ်းအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို ယနေ့တွင် လာရောက်လျှောက်ထားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၂၂ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၇၂ ပါတီ ရှိပြီဖြစ်သည်။

ယခု လျှောက်ထားသည့် ပအိုဝ်းအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီအဖွဲအား ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၅-၄-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post NU ဆီ ပိုမယ့်လက်နက်ခဲယမ်း အများအပြားကို ဘန်ကောက်မှာ ထပ်မံဖမ်းမိ