(၈-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၈-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ ရုရှားသို ထွက်ခွာ

၂။ ငလျင်ကြောင့် ပြိုကျပျက်စီးသွားသောဘုရားများပြုပြင်မွမ်းမံရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းက သီတဂူဆရာတော်ဘုရားကြီး၏ ဩဝါဒခံယူဆောင်ရွက်သွားမည်

၃။ မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများဆွေးနွေး

၄။ လှည်းကူးမြိုအနီး လှုပ်ရှားသွားသည့် အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ မြေငလျင်ကြောင့် လူအများ အထိတ်တလန့်ဖြစ်

၅။ လေယာဥ်တာယာ မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီဟု မြန်မာအမျိုးသားလေကြောင်းမှ သတင်းထုတ်ပြန်

၆။ အကြမ်းဖက်သမားများဖောက်ခွဲခဲ့သည့် ရန်ကုန်-မော်လမြိုင် ရထားလမ်းရှိ တံတားအား ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်

၇။ AA ထိန်းချုပ်ထားတဲ့ မင်းပြားမြိုနယ်ထဲမှာ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

၈။ မေလ ၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၈၅ ကျပ်၊ Octane 95 – ၂၉၄၀ ကျပ်၊ Diesel – ၂၄၇၀ ကျပ်၊ Premium Diesel – ၃၀၅၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ပါကစ္စတန်ရှိ အကြမ်းဖက်စခန်းနေရာများကို အိန္ဒိယက ဒုံးကျည်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပါကစ္စတန်ကလည်း အိန္ဒိယတိုက်လေယာဉ်ငါးစင်းကို ပစ်ချခဲ့ဟုဆို

၂။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို စိတ်မဝင်စားတော့ဘူးလို ဟားမတ်လက်နက်ကိုင်အဖွဲပြော

၃။ တရုတ် နဲ့ အီဂျစ်ကြား ပထမဆုံးအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

၄။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို အပြီးတိုင်ဖျက်သိမ်းစေလိုတယ်လို ဒေါ်နယ်ထရမ့်ပြော

၅။ အိန္ဒိယ၏တိုက်ခိုက်မှုကို လွန်စွာစိုးရိမ်မကင်းဖြစ်ဟု အန်တိုနီယိုဂူတာရက်စ်ပြော

၆။ နယူးဇီလန်မှာ ၁၆ နှစ်အောက်အရွယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်ဖို ဝန်ကြီးချုပ် အဆိုပြု

အားကစားသတင်းများ

၁။ အရှေ့တောင် အာရှပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင်ပိုက်ကျော်ခြင်းကစားသမားများ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်

၂။ YRFC အသင်းက ဂါနာလက်ရွေးစင်အသင်း နောက်ခံကစားသမား အဲဗာအပ်စ်ဘိုတန်အား တစ်ရာသီစာချုပ်ဖြင့်ခေါ်ယူ

၃။ မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းနှင့် ISPE အသင်းတို ခြေစမ်းပွဲကစား

၄။ အကြိတ်အနယ်သွင်းဂိုးတွေနဲ့ ပထမအကျော့ကလို ပွဲချိန်အတွင်း သုံးဂိုးစီသွင်းကြပြီး အချိန်ပိုမှာ ဘာကာကို အလဲထိုးကာ ချန်ပီယံလိဂ်ဖိုင်နယ် တက်သွားခဲ့တဲ့ အင်တာ

၅။ ချန်ပီယံ ဖြစ်ရန် အချိန်အခါကောင်း လိုအပ်ကြောင်း နည်းပြအာတေတာ သုံးသပ်

အနုပညာသတင်းများ

၁။ “မျက်ကွယ်ရာ”ဇာတ်လမ်းတွဲမှာ ဆောင်းရွက်ကြွေဆိုတဲ့ ဇာတ်ရုပ်နဲ့ အိမ်ထောင်ရှင် အမျိုးသမီးထုတွေ မလုပ်သင့်တဲ့အရာလေး သတိထားမိအောင် ပုံဖော်ထားတယ်ဆိုတဲ့ အေးမြတ်သူ

၂။ ပြဇာတ်ကရင်း စင်ပေါ်မှာ ဒိုင်ယာလော့ခ်တွေ မေ့သွားတာ အောင်ရဲလင်းက တိုးတိုးလေးထောက်ပေးခဲ့ဖူးတယ်ဆိုတဲ့ မမဆောင်း

၃။ မင်းသားပြေငြိမ်းရဲ့ဖခင် ဝါရင့်သရုပ်ဆောင် ဒါရိုက်တာ ကဗျာဆရာ ဦးမောင်မောင်မြင့် ယနေ့ လူကြီးရောဂါနဲ့ ကွယ်လွန်

၄။ ပရိသတ်တွေပြောတဲ့ ကရင်မနဲ့ ရခိုင်မ ချနေကြပြီတွေ့လိုက်လို ဟာသဇာတ်ကားတွေမှာ အမှတ်ရစရာ တွေဖြစ်ရပါတယ်ဆိုတဲ့ ခြူးလေး၊ နော်ဖောအယ်ထား

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် နစက ဥက္ကဋ္ဌနှင့်ဇနီး ရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာ
Next post နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ ရုရှားသို့ ရောက်ရှိ