(၄-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၄-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ လူငယ် (၁၆၀၀) ကျော်တိုကို ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြိုနယ်အသီးသီး၌ ဆက်လက် လေ့ကျင့်သင်ကြားပေးလျက်ရှိ

၂။ စစ်ကိုင်းမြိုမှ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားမည့် ရန်ကုန်တက္ကသိုလ်မှ ဆရာ/ဆရာမ (၅၃) ဦးရောက်ရှိ

၃။ လားရှိးတွင် ပြည်သူ့ဆေးရုံအပါအဝင် ဌာနဆိုင်ရာလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်

၄။ ယင်းမာပင်မြိုနယ်၌ အဓမ္မပြုကျင့်ရန် ကြိုးစားသည့် အကြမ်းဖက် PDF ခေါင်းဆောင်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီးနောက် CDM ကျန်းမာရေးဝန်ထမ်းသည် မိမိကိုယ် အဆုံးစီရင်

၅။ မြင်းမူမြိုက ရွှေဧကရာဇ် ရွှေဆိုင်ကိုဓားပြတိုက်တဲ့ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲက PDF တွေကို ငါန်းဇွန် PDF တွေ ပြန်ဖမ်း

၆။ ယနေ့ နံနက်ပိုင်း၌ မိုးကုတ်မြိုရှိ အကြမ်းဖက် TNLA ရဲ့ ကျောက်မျက်တူးဖော်ရေး အကောက်ခွန်ရုံးကို တပ်မတော် ဗုံးကြဲ

၇။ ကွန်ဟိန်းမြိုနယ်တွင် ၁၂ ဘီးယာဉ် ၂ စီးပေါ်မှ ငွေကျပ်သိန်း ၉၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော်နှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

၈။ မေလ ၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၇၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၈၅ ကျပ်၊ Octane 95 – ၂၉၄၀ ကျပ်၊ Diesel – ၂၄၇၀ ကျပ်၊ Premium Diesel – ၃၀၅၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ တောင်ကိုရီးယားဝန်ကြီးချုပ်ဟောင်းက သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာ

၂။ ဆစ်ဂနယ်မက်ဆေ့အရှုပ်တော်ပုံ (Signalate) ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရန့်က ၎င်း၏အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်ကို ရာထူးမှဖယ်ရှား

၃။ ချီလီနှင့် အာဂျင်တီးနားတိုတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်

၄။ ရုရှား-ယူကရိန်းအရေး ငြိမ်းချမ်းစွာဖြေရှင်း‌ရေး ကူညီမည်ဟု ယူအေအီးပြော

၅။ ဒေလီတွင် လေပြင်းတိုက်၍လူလေးဦး ‌သေဆုံး၊ လေယာဉ်ခရီးစဉ် ၂၀၀ ခန့် နှောင့်နှေး

၆။ နာဇီဂျာမနီအပေါ် အောင်နိုင်သည့် ရုရှား၏ အနှစ် ၈၀ ပြည့်အောင်ပွဲသို တရုတ်သမ္မတ တက်ရောက်မည်

အားကစားသတင်းများ

၁။ အာရှ ယူ- ၂၃ (U-23)ခြေစစ်ပွဲ အုပ်စုအဆင့်ပွဲစဥ်အချိုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၂။ ယခုပွဲစဉ်တွင် လက်ခမောင်းခတ်သံ ကျယ်စေရမည်ဟု ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ကြုံးဝါး

၃။ ဂျပန်တိုက်စစ်ကစားသမား အိုတိုဆိုင်တိုအား ရန်ကုန်ယူနိုက်တက်အသင်း တစ်နှစ်စာချုပ်ဖြင့်ခေါ်ယူ

၄။ စပိန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြတစ်ဦးကို ရှမ်းယူနိုက်တက်အသင်း ခေါ်ယူအားဖြည့်

၅။ လက်ရှိ ချန်ပီယံကို အမှတ်အကွာဖြင့် အုပ်စုထိပ်ဆုံး၌ ရပ်တည်နေသည့် ဧရာဝတီနှင့် သစ္စာအားမာန် အမျိုးသမီး ဘောလုံးအသင်း

အနုပညာသတင်းများ

၁။ ညောင်ရွှေမြိုနယ် အင်းလေးဒေသရှိ ငလျင်ဘေးဒဏ်သင့် ကျေးရွာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းရင်း အားပေးနှစ်သိမ့်စကားပြောခဲ့တဲ့ မျိုးစန္ဒီကျော်

၂။ ကိုယ်ကသားကို အရမ်းချစ်‌တာ၊ သားက ကိုယ့်မုန်းတဲ့မိန်းမကို ချစ်နေလို မချိတင်ခဲဖြစ်ခဲ့တဲ့ မြတ်ကေသီအောင်

၃။ မိုးတွင်းရောက်လာပြီမို ငလျင်ဘေးသင့်သူတွေ ရေမသန့်တာကြောင့် ဖျားနာတာတွေ စ,လာမှာမို ကျန်းမာရေးအတွက် စိုးရိမ်မိတယ်ဆိုတဲ့ နေမင်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တရုတ်နိုင်ငံမှ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီမှု ၁၁ ကြိမ်မြောက်အဖြစ် အသင့်နေအိမ်အလုံး ၃၄၀ ထောက်ပံ့ ရောက်ရှိလာ
Next post (၄-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ