
(၃-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၃-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ အာဆီယံရေတပ်အရာရှိငယ်များ တွေ့ဆုံနှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံက ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံ၍ (၄) ရက်တိုင်တိုင် ကျင်းပခဲ့
၂။ မန္တလေးမြိုရှိ ငလျင်ဒဏ်သင့် အဆောက်အအုံများ ရှင်းလင်းမှု (၈၀) ရာခိုင်နှုန်းပြီးစီးပြီဟု မန်းစည်ပင်ပြော
၃။ ငလျင်ကြီး လှုပ်စဉ် အရှိန်ဖြင့် မောင်းနှင်လာသော ရထားကိုရပ်တန့်နိုင်ခဲ့သည့် တာဝန်ခံ မောင်းနှင်သူ နှစ်ဦးကို ဆုချီးမြှင့်
၄။ ငလျင်ကြောင့် အထိနာခဲ့သော်လည်း ပိုမိုကောင်းမွန်သည့် နိုင်ငံရေးအခြေအနေရရှိရန် ရွေးကောက်ပွဲကို မူလအတိုင်းကျင်းပသင့်ဟုဆို
၅။ မန္တလေးမြိုရှိ ဆီဆိုင်တစ်ခု၌ စက်သုံးဆီကား မီးလောင်မှုဖြစ်ပွား
၆။ အပစ်ရပ်မည်ကြေညာပြီးမှ ကတိမတည်ကြသည့် AA အပါအဝင် မြောက်ပိုင်းသုံးဖွဲက တစ်လအပစ်ရပ် ထပ်မံသက်တမ်းတိုးမည်ကြေညာပြန်
၇။ အသက် (၆၆) နှစ်အရွယ် အငြိမ်းစားပါမောက္ခအမျိုးသမီးကို အုတ်ခဲဖြင့်ထုသတ်ပြီး ရွှေနှင့် ငွေများကို ယူဆောင်သွားသည့် လူသတ်တရားခံကို တစ်ပတ်အကြာမှာ ဖမ်းမိ
၈။ မေလ ၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၇၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၈၅ ကျပ်၊ Octane 95 – ၂၉၄၀ ကျပ်၊ Diesel – ၂၄၇၀ ကျပ်၊ Premium Diesel – ၃၀၅၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အင်ဒိုက ဗီယက်နမ်နှင့် တောင်တရုပ်ပင်လယ် စာချုပ်ကို ဧပြီ၌ အတည်ပြုမည်
၂။ ကက်ရှ်မီးယားတွင် တိုက်ခိုက်မှုကျူးလွန်သူများကို တရားစီရင်သွားမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား
၃။ ရုရှားက မြောက်ကိုရီးယားကို စစ်သင်္ဘောအသစ် ကူညီခဲ့ဖွယ်ရှိဟု တောင်ကိုရီးယားပြောကြား
၄။ နဂါးငွေ့တန်း၌ ကမ္ဘာကဲ့သို ဂြိုဟ်ပေါင်းဘယ်နှခု ရှိလဲဆိုသည်ကို AIစနစ်ဖြင့်ခန့်မှန်း
၅။ အမေရိကန်အစိုးရ၏ ကုန်သွယ်ခွန်ပြဿနာကို စေ့စပ်ညှိနှိင်းမှုပြုရန် သဘောထားမှတ်ချက်များအား တရုတ်အစိုးရက သုံးသပ်အကဲဖြတ်
၆။ စစ်သင်္ဘောအသစ်ရဲ့လက်နက်စနစ်တွေ ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယားပြုလုပ်
အားကစားသတင်းများ
၁။ ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပမည်
၂။ ထိုင်းနိုင်ငံခြေစမ်းပွဲ ဒုတိယပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထပ်မံရှုးနိမ့်
၃။ ဘီဘာအိုကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရပြီး ယူရိုပါလိဂ် ဖိုင်နယ်တက်ရန် သေချာသလောက် ဖြစ်သွားပြီဖြစ်တဲ့ မန်ယူ
၄။ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဥရောပဖလားရရန် စပါးအသင်း မျှော်လင့်
၅။ ချန်ပီယံလိဂ် ကစားချင်သည့် ကစားသမား မန်ယူအသင်းဆီ မလာနိုင်ကြောင်း နည်းပြအာမိုရင် ဝန်ခံ
အနုပညာသတင်းများ
၁။ အမုန်းမြစ်မှာ ယောကျ်ားက ကိုယ့်ဘက်မှာရှိနေတော့ မောက်မာနေတာဆိုတဲ့ ဝင့်ယမုံနိုင်
၂။ အင်္ဂလိပ်ကျောင်းတက်လို အမြဲတမ်းအင်္ဂလိပ်လိုပဲ မပြောဖို မိုဂျီကိုမှာထားတယ် မြန်မာနဲ့တွေ့ရင် မြန်မာလိုပြောရမယ်ဆိုတဲ့ ကျော်ထက်၊ ရွှေရွှေ
၃။ အတ္တ၊ မာန၊ အမုန်း၊ အငြိုး၊ အာဃာတတွေနဲ့ ဇာတ်လမ်းပုံစံ “အမုန်းမြစ်” ဇာတ်လမ်းတွဲမိတ်ဆက်ခဲ့