(၇-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၇-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရုရှားနိုင်ငံ၊ မော်စကိုမြိုတွင် ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို နစက ဥက္ကဋ္ဌနှင့် ဇနီး တက်ရောက်မည်

၂။ ရွေးကောက်ပွဲဝင်ပြိုင်ဖို ❛ပအိုဝ်းအမျိုးသား ညီညွတ်ရေးပါတီ❜က UEC ထံ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထား

၃။ ကျောက်ဖြူဆိပ်ကမ်းရှိ သံမဏိတံတားအား SEAGP/SEAOP က ပြန်လည်ပြုပြင်ပြီးစီး

၄။ ယနေ့ စတင်ဖွင့်လှစ်သည့် လားရှိးဆေးရုံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် လူနာ (၉၆)ဦး ကုသပေးနိုင်ခဲ့

၅။ မြောက်ဦးမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းအဖြစ်မှ ရခိုင်လက်နက်ကိုင် AA ၏ နိုင်ငံရေးမှူးဖြစ်သွားသူ ဦးဦးလှစော နှာခေါင်းကင်ဆာဖြင့် သေဆုံး

၆။ ရန်ကုန်-မော်လမြိုင် လမ်းပိုင်း နှင်းပုလဲဘူတာ နှင့် တောင်စွန်းဘူတာကြား တံတားအမှတ် ၆၅ အား အကြမ်းဖက်အဖွဲက မိုင်းခွဲဖျက်ဆီး

၇။ နောင်ချိုမြိုနယ်တွင် TNLA အကြမ်းဖက် ခြေကုတ်စခန်း ၂ ခု သိမ်းပိုက်ရရှိ

၈။ မေလ ၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၈၅ ကျပ်၊ Octane 95 – ၂၉၄၀ ကျပ်၊ Diesel – ၂၄၇၀ ကျပ်၊ Premium Diesel – ၃၀၅၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် မော်စကိုရှိ အဓိကလေဆိပ်အားလုံး ပိတ်ထားရ

၂။ ပါကစ္စတန်နယ်စပ်တွင် အိန္ဒိယလေတပ် အထူးအဆင်သင့်အနေအထားရှိနေ

၃။ အိန္ဒိယ-ပါကစ္စတန်တင်းမာမှုကို ကြားဝင်ဖြေရှင်းရန် အီရန်နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်သိုရောက်ရှိနေ

၄။ AI ဖြင့်ဖန်တီးထားသည့် ပုပ်ရဟန်းမင်းကြီးပုံ တင်ခဲ့၍ ထရမ့်ပ်ဝေဖန်ခံနေရ

၅။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် စက်လှေများတိမ်းမှောက်မှု၌ ဆယ်ဦးသေဆုံးကာ ၇၀ ဦးခန့် ဆေးရုံတင်ထားရ

၆။ ထရန့်နှင့် ပူတင် ခေါင်းဆောင်နှစ်ဦး မေလအတွင်း ဆော်ဒီအာရေဗျ၌ တွေ့ဆုံဖွယ်ရှိ

အားကစားသတင်းများ

၁။ တိုက်စစ်စုံ ကစားနိုင်သည့် ဂါနာနိုင်ငံသား ယောကူဆီ အား YRFC တစ်နှစ် စာချုပ်ဖြင့် ခေါ်ယူ

၂။ စူပါဟက်ထရစ် သွင်းယူနိုင်ခဲ့သည့် ရခိုင်ယူနိုက်တက် တိုက်စစ်မှူး ခင်ကျော်ဝင်း ကို အသင်းက ဆုကြေးငွေ သုံးသိန်းချီးမြှင့်

၃။ အသင်းပြောင်းတော့မည့် အာနိုးလ်နှင့် ပြန်ဆုံနိုင်ရန် မျှော်လင့်ဟု ဆာလာ ဆုတောင်း

၄။ ဘိုင်ယန်နှင့် သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေသည့် ဆာနေး အသင်းပြောင်း‌ရွှေနိုင်

၅။ ကမ္ဘာ့ စနူကာချန်ပီယံရှစ် ပြိုင်ပွဲတွင် တရုတ်ကစားသမား ပထမဆုံးအကြိမ် ဗိုလ်စွဲ

အနုပညာသတင်းများ

၁။ ဒါရိုက်တာ စင်ရော်မောင်မောင် ကားမတော်တဆဖြစ်ပြီး ပေါင်လယ်ရိုးကျိုးသွားတဲ့အတွက် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံတင်ပြီး ဆေးကုသမှုခံယူနေ

၂။ အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် ၇၂ ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ခီဆာခင် ဝင်ရောက်ယှဉ်ပြိုင်ဖို မြန်မာနိုင်ငံက စတင်ထွက်ခွာ

၃။ ဦးဇင်းဝတ်ချိန်မှာ တကယ်အေးချမ်းပြီးတော့ လောဘတွေ ပျောက်သွားခဲ့တယ်ဆိုတဲ့ နေထွဋ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းအဖြစ်မှ ရခိုင်လက်နက်ကိုင် AA ၏ နိုင်ငံရေးမှူးဖြစ်သွားသူ ဦးဦးလှစော နှာခေါင်းကင်ဆာဖြင့် သေဆုံး
Next post (၇-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ