
Miss Cosmo Myanmar 2025 အဖြစ် အလှမယ် မြင့်မြတ်မိုးကို ရွေးချယ်
Mingalarpar Miss Myanmar Organization က ပထမဦးဆုံး ရွေးချယ်စေလွှတ်မယ့် Miss Cosmo Myanmar 2025 အဖြစ် အလှမယ် မြင့်မြတ်မိုးကို ရွေးချယ်လိုက်ပါတယ်။
“တကယ်တော့ မိုးက ပြိုင်ပွဲတွေ မပြိုင်ဖြစ်ဘူး။ မပြိုင်ဖြစ်ဘူးဆိုပြီးတော့ ဝင်ပြိုင်ဖြစ်လိုက်တာပါ။ မဖြစ်နိုင်ဘူး၊ မရနိုင်ဘူးဆိုတာ မရှိဘူး။ Try ကြည့်ပါလို့ မိုးရဲ့ မေမေက အမြဲပြောတာပေါ့နော်။ ခုလို ပြိုင်ပွဲကနေ Title တွေ အောက်ရောက်နေကြပေမယ့် အလှမယ်တွေ ကိုယ့်အချင်းချင်းပြန်ဆုံရင် မိသားစုတွေလိုပါပဲ။ အမြဲတမ်း ဖော်ဖော်ရွေရွေ ဖြစ်နေကြတယ်။ မိုးအတွက် ကိုယ့်ရဲ့ စီနီယာတိုင်းကို အားကျတယ်။ မိုးအနေနဲ့ စီနီယာတွေ တစ်ယောက်ချင်းဆီက လေ့လာဖြစ်ပါတယ်။ မိုးက Jealous ဆိုတာထက် အကုန်လုံးစီက တစ်ယောက်တစ်မျိုး ကောင်းတဲ့ အချက်တွေ ယူဖြစ်ပါတယ်။ ကိုယ်ရည်သွေးပြီး ပိုကောင်းအောင်လုပ်ဖို့က အရေးကြီးတယ်လို့လည်း မြင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ကြည့်ပြီး ကြိုးစားပါတယ်။ အဓိကတော့ ကိုယ့်ရဲ့ ကံနဲ့စန်းကပေါ့နော် အကောင်းဆုံး ကြိုးစားနေရမှာပေါ့နော်။ ဆရာထူးအံ့လွင်ကို အများကြီးကျေးဇူးတင်တယ် ” လို့ Miss Cosmo Myanmar 2025 အလှမယ် မြင့်မြတ်မိုးက ပြောပါတယ်။


