သင်္ကြန်အငွေ့အသက်တွေနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမယ့် “ရေစိုနေသော နှလုံးသားသင်္ကြန်” ဇာတ်လမ်းတွဲ ယနေ့ ShowLike Application က အခမဲ့ပြသနေ

သင်္ကြန်အငွေ့အသက်တွေနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမယ့် “ရေစိုနေသော နှလုံးသားသင်္ကြန်” ဇာတ် လမ်းတွဲ ယနေ့ ဧပြီ ၁၂ ရက်မှာ ShowLike Application မှာ အခမဲ့ပြသနေတာလည်းဖြစ်ပါတယ်။b“ကျွန်တော်တို့အနေနဲ့ ဒီဇာတ်ကားမှာ ငွေကြေးပြည်စုံတဲ့ သူတစ်ယောက်ပုံစံနဲ့ပေါ့။ ဒါ့ပြင် မိဘကျေးဇူး ဆပ်ချင်လို့ ရည်းစားထားဖို့လည်း လုံးဝစိတ်ကူးမရှိတဲ့ ဆရာဝန်လေး နောင်မျိုးဆင့်အဖြစ် ပါဝင်သရုပ်ဆောင် ထားတာလည်းဖြစ်ပါတယ်”လို့ သရုပ်ဆောင် ရှိန်းတင်ထူးက ပရိသတ်သိအောင် ပြောလာပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ ဇာတ်လမ်း ဇာတ်ညွှန်း စွမ်းပိုင်က ရေးသားပြီးတော့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ရှိန်းတင်ထူး၊ ငှက်ပျော်ကြော်၊ သံသာညီ၊ ဆွိ၊ ဆူး၊ ဖာစီ၊ စင်သီယာနဲ့ အခြားအနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။ဂယက်တစ်သိန်းနဲ့ ဆရာဝန်လေးကို အပိုင်သိမ်းဖို အကြံကြီးကြတဲ့ အညိုနဲ့အကြည် အဖြစ် သရုပ်ဆောင် ဆူးနဲ့ဖာစီတို့ကို တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။

သင်္ကြန်မှာ အိမ်တွင်းပုန်းမယ့် ပရိသတ်တွေအတွက် ကြည့်ရှုခံစားရမယ့် ရယ်မော်စရာ သင်္ကြန်ဟာသကားလေးလည်းဖြစ်ပါတယ်။နယ်ကနေ ရန်ကုန်တက်ပြီး သင်္ကြန်ကဲဖို့ ကိုယ်ပိုင် Planနဲ့ မြို့ကိုရောက်လာတဲ့ ပျိုမေ၊ ဆွီတီ၊ အကြည်နဲ့ အညိုတို့ ညီအစ်မလေးယောက် ရုပ်ရည်ချောမောတဲ့ ဆရာဝန်လေးနဲ့ နီးစပ်ဖို့ နည်းလမ်းမျိုးစုံ သုံးရင်း အလွဲတွေ များစွာထဲက ဖူးစာဘက်ဖြစ်ဖို့ အစွမ်းကုန်ကြိုးစားကာ ဆရာဝန်လေးရဲ့ အချစ်ကို ဘယ်သူရသွားမလဲဆိုတာ ကြည့်ရှူခံစားရမယ့် ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

ShowLike Application ကင လျင်ဘေးသင့်ကာလမှာ ဇာတ်လမ်းတွဲထုတ်လွှင့်ပြသခြင်းကို ခေတ္တရပ် ဆိုင်းခဲ့ပြီးတော့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ နေအိမ်တွေအတွက် ဆေးဝါးနဲ့ ရေသန့်လှူခြင်း၊ သွေးလှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ရဟန်းသံဃာတော်တွေအတွက် သင်္ကန်း ၆၇၂ စုံ၊ Solar မီးသီးအလုံး ၁၀၀၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ငွေကျပ်သိန်း ၅၀ တို့ကို လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

Continue Reading

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၄-၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
Next post (၁၃-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်