(၁၃-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၃-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နိုင်ငံတော် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ဝိုင်းဝန်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ ပြောကြား

၂။ နစက ဒု-ဥက္ကဋ္ဌ နှင့် ICRC မှ ညွှန်ကြားရေးမှူး (၂) ဦး တွေ့ဆုံ

၃။ သင်္ကြန်ကာလအတွင်း YBS ယာဥ်လိုင်းပေါင်း (၆၀) ကျော်တိုက ယာဉ်အစီးရေ (၁,၂၀၀) ဝန်းကျင် ပြေးဆွဲသွားမည်

၄။ ငလျင်ကြောင့် ပြိုကျခဲ့သည့် အဆောက်အဦးများထဲမှ ရှာတွေ့ခဲ့သည့် ရတနာများနှင့် ငွေသားများကို ပိုင်ရှင်ထံပြန်အပ်

၅။ ငလျင်ကြောင့် ပျက်စီးမှုများအတွက် ပေးလျော်ရမည့် အာမခံလျော်ကြေးငွေ ကျပ်ဘီလီယံ ၈၀ ခန့်ရှိနေ

၆။ မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဌ ဦးချစ်ခိုင်နှင့် ကိုဇေသီဟ အပါအဝင် စားအုန်းဆီကုန်သည်များ ပြန်လွတ်လာဟု သတင်းထွက်

၇။ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ် နင်းမိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖာပွန်မြိုနယ် သံလွင်မြစ်ကမ်းဘေးတွင် ဖြစ်ပွား

၈။ ဧပြီလ ၁၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၃၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၁၀ ကျပ်၊ Octane 92 – ၃၀၅၀ ကျပ်၊ Octane 95 – ၃၁၁၀ ကျပ်၊ Diesel – ၂၅၉၀ ကျပ်၊ Premium Diesel – ၃၂၀၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြိုတွင် မြေအောက်ရထားလမ်းဖောက်လုပ်မှုလုပ်ငန်းခွင် ပြိုကျရာမှ ပျောက်ဆုံးနေဆဲဖြစ်သော အလုပ်သမားတစ်ဦးအား ဆက်လက်ရှာဖွေ

၂။ အမေရိကန်တို၏ F-16 လေယာဉ်များ ရောင်းချမှု တရုတ်ဝေဖန်

၃။ ကမ္ဘောဒီးယားနှင့်ထိုင်း မိုင်းရှင်းလင်းရေးကိစ္စများ ဆွေးနွေးခဲ့ကြ

၄။ ပါပူဝါးနူးဂီနီ၌ ပြင်းအား ၅ ဒဿမ ၅၉ အဆင့်ရှိ ငလျင် လှုပ်ခတ်

၅။ နျူကလီးယား စီမံကိန်းကို အီရန်မစွန့်လွှတ်ပါက ဒုက္ခကြီးကြီး ရောက်လိမ့်မည်ဟု အိမ်ဖြူတော် သတိပေး

၆။ အာဖဂန်နှင့်ကင်မရွန်နိုင်ငံသားများ၏ နေရပ်ပြန်ပိုရေး ယာယီအကာအကွယ်ပေးထားမှု ထရမ့်အစိုးရ အဆုံးသတ်

အားကစားသတင်းများ

၁။ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ဖြင့် အိမ်ကွင်းမှာ ပဲလေ့စ်ကို ဂိုးမိုးရွာခဲ့တဲ့ မန်စီးတီး

၂။ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲ ပြင်းထန်လိမ့်မည်ဟု မန်စီးတီးနည်းပြပြော

၃။ ဒက်ကလန်ရိုက်က အခမ်းအနားဆုံးအင်္ဂလန်ကွင်းလယ်လူ ဖြစ်လာနိုင်ဟု ကာရေဂါချီးကျူး

၄။ ဘောလုံးရာသီမပြီးဆုံးခင် တိုက်စစ်မှူးဟာဗက်ဇ် ပြန်ကစားနိုင်ရန် နည်းပြအာတေတာ မျှော်လင့်

၅။ ဆာလာဟာ ယခုနှစ်ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို အခွင့်အလမ်းများ

အနုပညာသတင်းများ

၁။ ငလျင်ကြောင့် ရှင်ကွဲကွဲသူတွေ၊ သေကွဲကွဲတဲ့လူတွေရော တကယ်စိတ်မကောင်းဖြစ်မိလို ဒီကာလတွေ အမြန် ဆုံးပြီးဆုံးပါစေ ဆုတောင်းပါတယ် ဆိုတဲ့ ဘုန်းလျှံ

၂။ အင်းလေးဒေသ ငလျင်နဲ့ပတ်သက်ပြီး ပြန်လည်ထူထောင်ရေးအတွက် သမီးလေးကာရန် ရဲ့”ပထမဆုံး ဓာတ်ပုံလေးနဲ့ ပထမဆုံးအလှူ”အနေနဲ့ ကျပ်သိန်း ၂၀လှူဒါန်းခဲ့တဲ့ နီနီခင်ဇော်

၃။ အင်းလေးဒေသရှိ ငလျင်ဘေးသင့်ပြီး အလုံးစုံပျက်စီးသွားတဲ့ အိမ်ခြေ ၂၂၉၇ လုံးအတွက် တစ်အိမ်ထောင်ကို ကျပ် ၁၀ သိန်းနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်းပေါင်း ၂၃၀၀၀ ကို ထောက်ပံ့ကူညီမှုပေးရင် အားပေးနှစ်သိမ့်စကား ပြောခဲ့တဲ့ ခိုင်နှင်းဝေ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သင်္ကြန်အငွေ့အသက်တွေနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမယ့် “ရေစိုနေသော နှလုံးသားသင်္ကြန်” ဇာတ်လမ်းတွဲ ယနေ့ ShowLike Application က အခမဲ့ပြသနေ
Next post (၁၃-၄-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ