Body Muscle Only ပေါင် ၁၇၀ အထိချဖို့ကြိုးစားပြီး Transform လုပ်နေတဲ့ ဘုန်းလျှံ

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေလျှက်ရှိတဲ့ သရုပ်ဆောင် ဘုန်းလျှံကတော့ Body Muscle Only ပေါင် ၁၇၀ အထိချဖို့ကြိုးစားပြီး Transform လုပ်နေတယ်လို့ဆိုပါတယ်။

“ကျွန်တော့်အနေနဲ့ ခန္ဓာကိုယ်က ကြီးကြီးမားမားပြောင်းလဲသွားတာ မရှိသေးဘူး။ ပြောင်းလဲသွားလားဆိုရင်တော့ ပြောင်းလဲ သွားတယ်။ ကိုယ်လိုချင်တဲ့ Target ရောက်ဖို့ လိုသေးတယ်ပေါ့နော်။ ကိုယ့်ရဲ့ Body Transform ကို ကြိုးစား လုပ်နေတုန်းပါ။ ခြင်းတောင်းလေးတွေ ကြော်ငြာရိုက်ရင်နဲ့ မမေရဲ့ အိုင်ဒီယာကြောင့် ဒီပုံလေး ရိုက်ဖြစ်ခဲ့တာပါ။ မမေရဲ့ ခန္ဓာကိုယ်ကို ကျွန်တော်ချီတယ်ဆိုတာကလည်း သူ့က ၉၈ ပေါင်ကျော် ၁၀၀ မ ပြည့်တာမို့ ချီနိုင်တာပါ။ ဒါပေမယ့် အကြာကြီး တော့ ကျွန်တော် မချီနိုင်ပါဘူး။ စက္ကန့်ပိုင်းလောက်ပဲ ချီနိုင်တာပါ။ ကျွန်တော်က ပေါင် ၁၇၀ လောက်အထိတော့ Target ထား ထားပါတယ်။ အဲဒီပေါင်ကိုမှ Muscle Only ထားဖို့ပါ။ ကိုယ်တိုင်က အစားအရမ်းကြိုက်တဲ့သူမို့ အစားအသောက်တွေ ပေးဆပ်ရတာများတယ်။ မနက်တိုင်း မုန့်ဟင်းခါးကို နှစ်နဲ့ချီ နေ့တိုင်းစားတာ။ ရှမ်းခေါက်ဆွဲ စားတယ်။ ထမင်းလည်း ကြိုက်တယ်လေ။ ဘီယာကြိုက်တယ် ဖြတ်လိုက်တယ်။ ပေါ်ဆန်းနေရာမှာ ဆန်အကြမ်း ပြောင်းစားတယ်။ အကိုက ရခိုင် ဆိုတော့ ငပိစားတယ်လေ။ အဲဒီငပိကို ထက်ဝက်လျော့စားရတယ်လေ။ ဝိတ်ကို အဓိကတော့ မထားပါဘူး။ Transform ကိုကြိုးစားနေပါတယ်”လို့ သရုပ်ဆောင် ဘုန်းလျှံက ပြောပါတယ်။

သူဟာ ယခင်ပေါင် ၂၁၀ ကနေ လက်ရှိပေါင် ၃၀လောက်ကိုကျသွားပြီး ၁၈၀ လောက်သာရှိတော့တာလည်း ဖြစ်ပါတယ်။ ဘုန်းလျှံကတော့ Body ပိုင်းနဲ့ပတ်သက်တဲ့ ဆရာသမားတွေရဲ့ သင်ကြားမှုအတိုင်း ခန္ဓာကိုယ်ကို ထိန်းသိမ်းနေထိုင်တယ် လို့သိရပါတယ်။ သရုပ်ဆောင် ဘုန်းလျှံက လာမယ့် ဩဂုတ် ၃၀ ရက်နေ့ ရုံတင်ပြသမယ့် “မင်းရှိမယ့်နေရာ” ရုပ်ရှင်ဇာတ်ကား ကြီးမှာ ပါဝင်ထားပြီး ဇာတ်လမ်းတွဲများစွာလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၇-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မျောက်ကျောက်ရောဂါ သံသယလူနာ တွေ့ရှိပါက ဝေဘာဂီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးမည်