တစ်လအတွင်း ဒေါ်လာ ၁၇၇ သန်းကျော် ဗဟိုဘဏ် ထုတ်ရောင်းထား ဟုဆို

မြင့်တက်နေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းကို ထိန်းချုပ်ရန်အတွက် ဗဟိုဘဏ်မှ တစ်လအတွင်း ဒေါ်လာ ၁၇၇ သန်းကျော်ကို ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ထိုကဲ့သို့ ထုတ်ရောင်းပေးရာပြီးနောက် တစ်ဒေါ်လာ ၆၀၀၀ အောက်သို့ ပမာဏအနည်းငယ် ကျဆင်းခဲ့သည်။ ဇူလိုင်လဆန်း မှစတင်ပြီး အမေရီကန်တစ်ဒေါ်လာ ၄၆၀၀ ကျပ်သို့ မြင့်တက်ခဲ့သဖြင့် ဇူလိုင်လအတွင်း ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ကျော် နှင့် တရုတ်ယွမ် ၅ သန်း ထုတ်ရောင်းပေးခဲ့သော်လည်း ဇူလိုင်လကုန်တွင် တစ်ဒေါ်လာ ၅၀၀၀ ကျပ်ကျော်သို့ ဆက်လက် မြင့်တက်ခဲ့ရာမှ တစ်ဒေါ်လာ ၇၁၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

ထိုကဲ့သို့ ‌ဒေါ်လာလဲလှယ် နှုန်းအဆမတန်မြင့်တက်လာမှုကြောင့် စက်သုံးဆီကဏ္ဍတွင် ဂယက်ရိုက်ခတ်မှုရှိခဲ့ပြီး စက်သုံးဆီ လုပ်ငန်းရှင်များသည်လည်း ဆီမချနိုင်ခဲ့ကြကြောင်း၊ ထို့ကြောင့် အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်သည်အထိ ဂယက်ရိုက်ခဲ့သည်။ ထို့နောက် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကြေ ညာခဲ့ပြီးနောက် တစ်ဒေါ်လာ ၃၄၀၀ ကျပ်ဝန်းကျင်ဖြင့် ဩဂုတ်လ ၁၅ ရက်တွင် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်း၊ ဩဂုတ်လ ၁၉ ရက်တွင် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်းနှင့် ဒေါ်လာ ၃၁ သန်း၊ ဩဂုတ် ၂၆ ရက်တွင် ၃၅ သန်း ကျော်ထပ်မံ ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။ “ဒေါ်လာဈေးကအရင်လို ၃၀၀၀ နားကို ပြန်မကျနိုင်တော့ဘူး။ ဒီဈေးတန်းနဲ့ပဲသွားမှာ။ တတ်ရင်တော့ ဝုန်းကနဲ တတ်သွားနိုင်တယ်။ ဈေးနည်းနည်းပြန်ကျနေတော့ အရောင်းအဝယ်နည်းနည်းပြန်ဖြစ်နေတယ်။” ဟု ငွေလဲလုပ် ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယခုဒေါ်လာ ၃၅ သန်းကျော်အပါအဝင် ဩဂုတ်လ ၁ ရက်မှ ၂၆ ရက်အထိ တစ်လအတွင်း ဒေါ်လာ ၁၇၇ သန်း၊ တရုတ်ယွမ် ၁၉ သန်းနှင့် ထိုင်းဘတ် ၇၉ သန်း ရောင်းချပေးခဲ့ပြီးဖြစ်သည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့သည့် ရက်အလိုက် အမြင့်ဆုံး တစ်ဒေါ်လာဈေးနှုန်းများမှာ ဩဂုတ် ၁၄ ရက်တွင် ကျပ် ၆၆၀၀၊ ဩဂုတ် ၁၅ ရက်တွင် ကျပ် ၆၅၀၀၊ ဩဂုတ် ၁၆ ရက်တွင် ကျပ် ၆၀၀၀၊ ဩဂုတ် ၁၇ ရက်တွင် ကျပ် ၆၃၀၀၊ ဩဂုတ် ၁၈ ရက်တွင် ကျပ် ၆၃၀၀၊ ဩဂုတ် ၁၉ ရက်တွင် ကျပ် ၆၃၅၀၊ ဩဂုတ် ၂၀ ရက်တွင် ကျပ် ၆၁၀၀၊ ဩဂုတ် ၂၁ ရက်တွင် ကျပ် ၅၉၀၀၊ ဩဂုတ်လ ၂၂ ရက်တွင် ကျပ် ၆၂၀၀၊ ဩဂုတ် ၂၃ ရက်တွင် ကျပ် ၆၀၀၀၊ ဩ ဂုတ် ၂၄ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၅ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၆ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၇ ရက် (ယနေ့)တွင် ကျပ် ၅၆၀၀ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မျောက်ကျောက်ရောဂါ သံသယလူနာ တွေ့ရှိပါက ဝေဘာဂီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးမည်
Next post ‘မင်းရှိမယ့်နေရာ’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show အခမ်းအနား ကျင်းပ