ဒု-ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများခန့်အပ်တာဝန်ပေး

နစက မှ ဒု-ဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး (၂)ဦးကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း ဒီဇင်ဘာ ၁၈ ရက်က နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

နစက၏ အမိန့်အမှတ် ၅၂/၂၀၂၄ ဖြင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းအား ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။

ထို့အတူ အမိန့်အမှတ် ၅၃/၂၀၂၄ ဖြင့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ဒု-ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ ယမန်နေ့ ညနေပိုင်းတွင်လည်း တပ်မတော်ထိပ်ပိုင်းရာထူးများ အပြောင်းအလဲရှိကြောင်း လူမှုကွန်ရက်သတင်းများတွင် ဖော်ပြနေကြသည်ကို တွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၉-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများသည် နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားမြင့်မားစေရန် တစ်ဖက်တစ်လမ်းက အထောက်အကူပြုကြောင်း တပ်ချုပ်ပြောကြား