(၁၉-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၉-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ရန်ကုန်၌ ရွေးကောက်ပွဲဝင်ပြိုင်ရန် အခြေပြုထားသော နိုင်ငံရေးပါတီပေါင်း (၁၃) ခုထက်မနည်းရှိနေ
၂။ ဒေါ်လာတစ်သိန်းခွဲကျော်နှင့် ထိုင်းဘတ်ရှစ်သိန်းကျော် ဗဟိုဘဏ်ထုတ်ရောင်း
၃။ ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေရှိ ဟိုတယ်၊ တည်းခိုခန်းများ၌ New Year မတိုင်မီ ရက်များကပင် ကြိုတင်ဘိုကင် ရယူထားသူများပြား
၄။ ဆယ်စုနှစ်ကျော် ရပ်တည်ခဲ့သည့် အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်း ပိတ်သိမ်းတော့မည်
၅။ နေရပ်ပြန်ပိုမည့် ထရမ့်အစီအစဉ်အရ နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါဝင်လာ
၆။ ကာမိုင်းမြိုနယ်၊ လဝါကျေးရွာအနီးရှိ KIA/PDF အကောက်ခွန်ရုံးကို ဝရာဇွပ်အထူးတပ်ဖွဲဝင်များမှ သွားရောက်ရှင်းလင်းရာ အကြမ်းဖက် KIA အဖွဲဝင်များ သေဆုံးမှု များပြားခဲ့
၇။ အမျိုးသားနှစ်ဦးကို သာယာဝတီ PDF က ပျူစောထီးဟုဆိုကာ ကိုးရက်ကြာ ဖမ်းဆီးထားပြီးမှ ထွက်ပြေးသည်ဟု ခေါင်းစဥ်တပ်ကာ ပစ်ခတ်သတ်ဖြတ်
၈။ ဒီဇင်ဘာလ ၁၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၃၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၄၀ ကျပ်၊ Octane 95 – ၃၁၅၀ ကျပ်၊ Diesel – ၂၅၉၀ ကျပ်၊ Premium Diesel – ၃၂၁၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်တွင် TikTok ပိတ်ပင်ရေးဥပဒေကို ယာယီဆိုင်းငံ့ပေးထားရန် အရေးပေါ် အယူခံဝင်ထားချိန်၌ TikTok စီအီးအိုနှင့် ထရမ့်တို တွေ့ဆုံမှုပြုလုပ်
၂။ အင်္ဂလန်တွင် ဆယ်နှစ်အရွယ် သမီးငယ်အားသတ်ခဲ့သည့် ဖခင်နှင့် မိထွေးတိုအား တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်
၃။ ဓာတု/ဇီဝ/ရေဒီယိုသတ္တိကြွ/နျူကလီးယား စစ်ဆင်ရေးအတွက် အမေရိကန်လေတပ် ပြင်ဆင်နေ
၄။ Elbit ကုမ္ပဏီက အစ္စရေးတပ်မတော်အတွက် ခေတ်မီဆက်သွယ်ရေးစက်တွေ ထုတ်လုပ်ပေးမည်
၅။ ဒေါ်နယ်ထရန့်က ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို ဖိတ်ကြားခဲ့ခြင်းမရှိကြောင်း ပြောကြား
၆။ ဆီးရီးယား ပဋိပက္ခ မပြီးဆုံးသေးဟု ကုလသမဂ္ဂ ပြောကြား
အားကစားသတင်းများ
၁။ လာအိုကို နောက်ကျအနိုင်ဂိုးသွင်းပြီး AFF Mitsubishi Electric Cup ဆီမီးဖိုင်နယ်တက်ဖို မျှော်လင့်ချက်ရှိလာတဲ့ မြန်မာ
၂။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဆက်လက်ကျင်းပလျက်ရှိ
၃။ ၂၀၂၄ အတွက် FIFA The Best အလှဆုံးသွင်းဂိုးဆုအတွက် ဂါနာချိုရရှိပြီး အကောင်းဆုံးကစားသမားဆုကို ဗီနီစီးယပ်စ်ဆွတ်ခူး
၄။ ဆာလာကို စာချုပ်သက်တမ်းတိုးနိုင်ရန် လီဗာပူးအသင်း နီးစပ်
၅။ မန်ယူနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေဟု နောက်ခံလူ မက်ဂွဲယား ပြော
အနုပညာသတင်းများ
၁။ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေလုပ်ရင်း မိသားစုနဲ့ အေးအေးချမ်းချမ်း Life Style တစ်ခုကို ဖြတ်သန်းချင်တယ်ဆိုတဲ့ ပိုင်တံခွန်
၂။ ယောက်ျားထုတွေ ဖောက်ပြန်တဲ့ကားတွေပဲရိုက်လို မျက်နှာငယ်ရလို မကြာခင် မိန်းကလေးတွေ ဖောက်ပြန်တဲ့ကားတွေ ပြန်ရိုက်ကူးမယ်ဆိုတဲ့ နေ့သစ်အေးအောင်
၃။ ၁၆ နှစ်အရွယ် ငယ်ရွယ်နုပျိုချိန်တွေ ရောက်ရှိစေမယ့် “Diary Live Concert” ဖျော်ဖြေပွဲမှာ သီချင်းတွေ အများကြီးဖျော်ဖြေပေးသွားမယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်