
(၃၀-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၃၀-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ် လှူဒါန်းပွဲ တက်ရောက်အမှာစကားပြောပြီး အလှူငွေများအား လက်ခံ
၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov အား လက်ခံတွေ့ဆုံ
၃။ စစ်ကိုင်းမြိုရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ
၄။ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ခုနစ်ဦးကို ထပ်မံလွှပြောင်း
၅။ စေတုတ္တရာတွင် ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများအပါအဝင် လူ ၉ ဦးကို PDF အဖွဲက ဖမ်းဆီးခေါ်ဆောင်သွားမှုဖြစ်ပွား
၆။ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့် သတ်ဖြတ်မှု မော်လမြိုင် ကော့စိန်ရွာတွင်ဖြစ်ပွား၊ ကျူးလွန်သူ ၂ ဦးကို စစ်ဆေးလျက်ရှိ
၇။ လက်ပံတန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးကို ရွှေတန်းမြေ PDF တစ်နေ့တည်း သတ်ဖြတ်ပြီး ဆိုင်ကယ်လုယက်
၈။ မေလ ၂၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၇၀ ကျပ်၊ Octane 95 – ၂၉၂၅ ကျပ်၊ Diesel – ၂၄၄၀ ကျပ်၊ Premium Diesel – ၃၀၁၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်နှင့် ကုလသမဂ္ဂတို အကောင်အထည်ဖော်ကြမည့် လူသားချင်းစာနာထောက်ထားမှု စင်္ကြံစီမံကိန်း လှုပ်ခတ်နေချိန် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် ပြန်လည်ခေါ်ယူ
၂။ အာဆီယံခေါင်းဆောင်များက တီမောကို အဖွဲဝင်အဖြစ်ဝင်ရောက်ခွင့်ပေးရန် သဘောတူ
၃။ ဘီလျံနာသူဌေးကြီး အီလွန်မာ့စ်ခ်က အထူးအစိုးရဝန်ထမ်းတာဝန်ချိန် ပြီးဆုံးပြီဖြစ်ကြောင်းပြောကြားကာ ထရန့်အစိုးရတွင် ပါဝင်နေမှုမှထွက်ခွာ
၄။ တောင်ကိုရီးယားရေတပ်၏ ကင်းလှည့်လေယာဉ် ပိုဟန်တွင် ပျက်ကျမှု ယမန်နေ့နေ့လယ်က ဖြစ်ပွားခဲ့ပြီး လိုက်ပါလာသည့် ရေတပ်အရာရှိ လေးဦးစလုံး သေဆုံး
၅။ ထရမ့်က ကနေဒါအနေဖြင့် Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဒေါ်လာ ၆၁ ဘီလီယံ ပေးရမည် သိုမဟုတ် ၅၁ ခုမြောက်ပြည်နယ်ဖြစ်လာလျှင်မူ တစ်ပြားမှပေးစရာမလိုဟုဆို
၆။ အစ္စရေးတွေက သိမ်းထားနဲ့မြေတွေ မှာ အဆောက်အအုံတွေကို ဆောက်ဖိုလုပ်နေ
အားကစားသတင်းများ
၁။ မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်အသင်းဆို
၂။ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ Fitness Competition ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်
၃။ မျိုးဆက်သစ် ရိုးရာလက်ဝှေ့ကစားသမားများပေါ်ထွက်ရေး ယခုနှစ်အတွင်း တစ်လ (၁)ပွဲနှုန်း ပြိုင်ပွဲကျင်းပမည်
၄။ အာဆင်နယ်ခေါ်ယူမည့် တိုက်စစ်မှူးစာရင်း၌ အယ်လ်ဗာရက်ဇ် ပါဝင်
၅။ မန်ယူ၌ ဆက်ရှိ၊ မရှိ မပြောနိုင်သေးဘူးလို တောင်ပံ ကစားသမား အန်တိုနီပြောဆို
အနုပညာသတင်းများ
၁။ Miss Teen Icon International 2025 ပြိုင်ပွဲမှာ Miss Photogenic Award ဆုကိုရရှိခဲ့ပြီး အမြင့်ဆုံး Placement ဆုကို မယူလာနိုင်ခဲ့လို စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ စီလာဝင်း
၂။ ကိုယ်က အစွဲအလန်းထားတာ၊ မထားတာထက် ကိုယ့်ဘောင်လေးထဲမှာ ရှိနေတာတစ်ခုကို တန်ဖိုးထားတယ်ဆိုတဲ့ ခင်စန်းဝင်း (မိတ်ကပ်ပညာရှင်)
၃။ MGI 2024 အိန္ဒိယ အလှမယ် Queen Rachel Gupta ရဲ့ Crown ပြန်လည်သိမ်းဆည်းခံရ