
(၂၇-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၇-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ လွှတ်တော်အဆောက်အဦများအား စနစ်တကျဖြင့်ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်သွားရန် နစကဥက္ကဋ္ဌမှာကြား
၂။ စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ရန် NDAA (မိုင်းလား)အဖွဲနှင့်တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌပြောကြား
၃။ မြန်မာ – ရုရှား နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆို
၄။ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပြီး ဇွန်လအတွင်း မြန်မာနိုင်ငံသိုလာရောက်မည်
၅။ မလေးရှားတွင် အာဆီယံခေါင်းဆောင်များ အစည်းအဝေးပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်နေ
၆။ ရွှေဆိုင်နှင့်ဘဏ်များလုံခြုံရေးအတွက် Guardian Link စနစ်ကို အသုံးပြု၍ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်
၇။ သားမက်က ဓါးဖြင့်ခုတ်၍ ယောက္ခထီးရော ယောက္ခမပါသေဆုံးပြီး သားမက်ဖြစ်သူ အဖမ်းခံထားရ
၈။ မေလ ၂၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၇၀ ကျပ်၊ Octane 95 – ၂၉၂၅ ကျပ်၊ Diesel – ၂၄၄၀ ကျပ်၊ Premium Diesel – ၃၀၁၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်၏ အခွန်စည်းကြပ်မှု၊ မြန်မာ့အရေးကိစ္စ တို ဆွေးနွေးမည်
၂။ အာဏာသိမ်းမှု ထပ်မံမဖြစ်ပွားဟု မည်သူမှအာမ မခံနိုင်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးပြော
၃။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စစ်တပ်က တင့်ကားများ၊ သံချပ်ကာကားများနှင့် ကင်းလှည့်မှုများပြုလုပ်
၄။ လက်နက်တင်ပိုရောင်းချမှုကို တိုးမြှင့်ရန် လိုအပ်ကြောင်း ရုရှားသမ္မတပူတင် ပြောကြား
၅။ အမေရိကန်သည် တီရှပ်များထုတ်လုပ်ရန်မဟုတ်၊ တင့်ကားများထုတ်လုပ်ရန်ဖြစ်သည်ဟု ထရမ့်ပြော
၆။ ရုရှားမှာ LGBT ဝါဒဖြန့်မှုကြောင့် အက်ပဲလ်ကို ဒေါ်လာ ၁ သိန်းနီးပါးဒဏ်ရိုက်
အားကစားသတင်းများ
၁။ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြန်မာကိုယ်စားလှယ်အဖွဲ တရုတ်နိုင်ငံသို ချစ်ကြည်ရေးခရီးစဉ် ထွက်ခွာ
၂။ ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ကစားသမားနှစ်ဦး အပြောင်းအလဲပြုလုပ်
၃။ အာဆီယံ ယူ-၁၉ အမျိုးသမီးအသင်း အုပ်စုအဖွင့်တွင် အိမ်ရှင် ဗီယက်နမ် အသင်းနှင့် ထိပ်တို-က်တွေ့ဆုံမည်
၄။ Asean All Stars အသင်းနှင့် ခြေစစ်ပွဲကစားမည့် မန်ချက်စတာ ယူနိုက်အသင်း မလေးရှားသို ထွက်ခွာ
၅။ မန်ယူနှင့်ပွဲတွင် ဒိုင်ဆုံးဖြတ်ချက်အပေါ် ဗီလာအသင်း တရားဝင်ကန့်ကွက်မည်
အနုပညာသတင်းများ
၁။ အသက် ၁၈ နှစ်ပြည့်သွားပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှာတစ်မျိုးပဲဆိုတဲ့ သဲစုညိမ်း
၂။ “အနုပညာနဲ့ပတ်သက်ရင် ကိုယ်တကယ်မလုပ်နိုင်ဘဲနဲ့ အလုပ်လုပ်ရပြီးရောဆိုပြီး မလုပ်ဘူးဆိုတဲ့ ဗညားဘုန်းပြည့်
၃။ အချစ်ရေးက ဘယ်တော့မှ Expire မဖြစ်ဘူးဆိုတဲ့ သင်ဇာဝင့်ကျော်
၄။ စိုင်းစိုင်းခမ်းလှိင်ရဲ့ ကျေးဇူးတွေ ရှိနေတာမို သူဇာတ်ကားခေါ် ရိုက်ချိန်မှာ မငြင်းရက်ဘူးဆိုတဲ့ သိန်းလင်းစိုး