
(၂၉-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၉-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေဆိုရန် မူလဖြေဆိုခဲ့ရာစာစစ်ဌာနသို သွားလာရန် မလွယ်ကူပါက လက်ရှိရောက်ရှိနေသော မြိုနယ်ရှိ စာစစ်ဌာတစ်ခုခုသို ပြောင်းလဲဖြေဆိုခွင့် လျှောက်ထားနိုင်မည်
၂။ စက်သုံးဆီဈေး ပြန်မြင့်တက်လာချိန် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ဗဟိုဘဏ် ထပ်မံထုတ်ရောင်း
၃။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် ဘုံသဘောတူညီချက်ငါးရပ်သည် အဓိကမှီငြမ်းရာအဖြစ် ဆက်လက်တည်ရှိနေကြောင်းနှင့် တစ်နိုင်ငံလုံးအဆင့် စေ့စပ်ဆွေးနွေးနိုင်ရေး အဖွဲအစည်းအားလုံး ယုံကြည်မှုတည်ဆောက်ရန် တိုက်တွန်းကြောင်း အာဆီယံခေါင်းဆောင်များ ထုတ်ပြန်
၄။ ထိုင်းနိုင်ငံအတွက် မူးယစ်ဆေးဝါးပြဿနာတွင် ” ၀ ” တပ်ဖွဲက တာဝန်ရှိပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ အရှိန်မြှင့်ရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြော
၅။ ရခိုင်လက်နက်ကိုင် AA က အသက်မပြည့်သေးသော ချင်းကျောင်းသားလူငယ်များစွာကို စစ်မှုထမ်းရန် ဖမ်းဆီးမှု ပြန်လွတ်ပေးဟု ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ တောင်းဆို
၆။ မန္တလေး PDF အဖွဲက PDF လူငယ် ၇ ဦးကို သူလျှိဟု စွပ်စွဲ၊ တောခိုကျောင်းသားအချင်းချင်းသတ်ဖြတ်ကြသည့် ပါဂျောင်ဖြစ်ရပ်မျိုး အစပြုဟု ဝေဖန်
၇။ သုံးနှစ်အရွယ် သမီးငယ် ပျောက်ဆုံးနေရာက အသက်သေဆုံးလျက်သားပြန်တွေ့ပြီး ဝတ်ဆင်ထားတဲ့ နားကပ်လည်းအဖြုတ်ခံထားရ
၈။ မေလ ၂၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၇၀ ကျပ်၊ Octane 95 – ၂၉၂၅ ကျပ်၊ Diesel – ၂၄၄၀ ကျပ်၊ Premium Diesel – ၃၀၁၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ထရန့်အစိုးရအဖွဲက ပြည်ပကျောင်းသာများအား ဗီဇာအင်တာဗျူးခေါ်ယူမှုကို ချက်ချင်းရပ်တန့်ရန် ကမ္ဘာတစ်ဝန်းရှိ အမေရိကန်သံရုံးများကို ညွှန်ကြားထား
၂။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်း ဓာတုစက်ရုံတစ်ရုံပေါက်ကွဲမီးလောင်ရာ လူ ငါးဦးသေ၊ ခြောက်ဦး ပျောက်ဆုံးလျက်ရှိ၊ ၁၉ ဦးဒဏ်ရာရ
၃။ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီရဲ့အဖွဲခွဲသုံးရပ်က ဒက်ကာမြိုမှာ ကြီးမားသော ဆန္ဒပြပွဲကြီး ပြုလုပ်
၄။ ဒေါ်နယ်ထရမ့်ရဲ့ဒုံးကျည်အကာအကွယ်အစီအစဉ်က အာကာသမှာ နျူကလီးယားစစ်ပွဲကို ပေါ်ပေါက်လာစေနိုင်တယ်လို မြောက်ကိုရီးယားဝေဖန်
၅။ ယူကရိန်းက အနောက်အုပ်စုရဲ့လက်နက်တွေနဲ့ ရုရှားရဲ့စစ်ဘက်ပစ်မှတ်တွေကို လွတ်လွတ်လပ်လပ်တိုက်ခိုက်နိုင်ပြီလို ဂျာမနီပြော
၆။ ဇီလန်စကီးပါးစပ်က ထွက်လာသမျှက ပြဿနာတွေကိုပဲဖြစ်စေတယ်လို ဒေါ်နယ်ထရမ့်ပြော
အားကစားသတင်းများ
၁။ မောင်မောင်လွင် ၏ တစ်လုံးတည်းသော သွင်းဂိုဖြင့်မန်ယူကို အာဆီယံအသင်း အနိုင်ရ
၂။ အပိုင် ၉၉.၉၉ ရမယ်တွက်ထားတဲ့ ဖလားကိုတောင် မြန်မာတိုက်စစ်မှူး မောင်မောင်လွင်ကြောင့် လက်လွှတ်ခဲ့ရတဲ့ သရဲနီ
၃။ ပေါင်သန်း ၂၀၀ တန် စာချုပ် ကမ်းလှမ်းမှုကို စဉ်းစားရန် ဆော်ဒီကလပ်က ဖာနန်ဒက်စ်ကို ၃ ရက်အချိန်ပေး
၄။ ရီးရဲမက်ဒရစ် ဂန္တဝင်တစ်ယောက်ဖြစ်တဲ့ ဇီးဒန်းကတောင် ချီးကျူး ပြောဆိုလာခဲ့တဲ့ လာမိန်းယာမဲလ်
၅။ စင်မြင့်ထက်ကို တစ်ပြိုင်နက် တက်လှမ်းလာတော့မယ် ဗန်ရဲ့ ဘော်ဒါတစ်သိုက်
အနုပညာသတင်းများ
၁။ ဖီလင်ရုပ်ရှင်ဇာတ်ကားရိုက်ကူးချိန် ဒါရိုက်တာဝိုင်းဆီက ပညာရတာနဲ့တင်တန်နေပြီလို ဖွင့်ဟလာတဲ့ နေဝင်း
၂။ အလှမယ်တွေကို ရောင်းစားတယ်ဆိုပြီး လှနုကို ဝေဖန်ကြတဲ့ပေါ် လမင်းကို ခွေးဟောင်တယ်လိုပဲ သဘောထားပါတယ်ဆိုတဲ့ လှနုထွန်း
၃။ ရွက်ပုန်းသီးအလှမယ်တွေကို မွေးထုတ်ပေးတဲ့ Miss Earth Pyay & Taungoo 2025 ပြိုင်ပွဲဝင် အလှမယ် ၈ ဦးရဲ့ စာနယ်ဇင်း မီဒီယာမိတ်ဆက်ပွဲကျင်းပခဲ့
၄။ ပရိသတ်တွေက အထင်အမြင်လွဲနေလိုရှင်းပြလည်း လက်မခံချင်ဘဲ သူတိုပြောတာကိုပဲ မှန်စေချင်တာဆိုတဲ့ ဆောင်းယွန်းစံ