
(၂၅-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၅-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က အမာခံအနေဖြင့် ဆောင်ရွက်ပေးမည်
၂။ အချိုအနုပညာရှင်များ ပါတီနိုင်ငံရေးအလုပ်ကို လွဲမှားစွာ ဝင်ရောက်ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတော်တွင် မဖြစ်သင့်မဖြစ်ထိုက်သည်များ ဖြစ်ပွားခဲ့ရသည်ဟု ပြန်ကြားရေးဝန်ကြီးပြော
၃။ ကလေးမြိုကို ဗဟိုပြု၍ (၄.၀) အဆင့်ရှိ မြေငလျင် လှုပ်ခတ်
၄။ လေပြင်းကြောင့် တာဝါတိုင်ပြိုလဲခြင်းနှင့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ပလက်ဖေါင်းအား အရေးပေါ် Shut Down ပြုလုပ်ခြင်းကြောင့် ယာယီ ဝန်အားထိန်းညှိမှုများ ရှိနိုင်ဟုဆို
၅။ မြဝတီမြို-မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တောင်ကိုးရီးယားနိုင်ငံသား နှစ်ဦးကို ထိန်းသိမ်း
၆။ YBS ကားများပေါ်တွင် အုပ်စုဖွဲခါးပိုက်နှိက်သူ (၅) ဦးကိုဖမ်းမိ
၇။ ပဲခူးတွင် (၇) တန်း ကျောင်းသားကို ပြန်ပေးဆွဲပြီး ဆေးစွဲဆေးကြောင်ကာ ဆေးလိုသဖြင့် ငွေညှစ်ရန် ကြံစည်ရာမှ လူသတ်မှုထိ ကျူးလွန်ခဲ့တဲ့ တရားခံ (၄) ဦးကို ဖမ်းဆီးရမိ၊ (၃) ဦးမှာ လူငယ်များဖြစ်နေ
၈။ မေလ ၂၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၆၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၇၀ ကျပ်၊ Octane 95 – ၂၉၂၅ ကျပ်၊ Diesel – ၂၄၄၀ ကျပ်၊ Premium Diesel – ၃၀၁၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ စင်ကာပူကို လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုဖြစ်အောင်လုပ်ပေးမယ်လို အစိုးရသစ်ဆို
၂။ အီတလီကုန်သည်တွေက ရုရှားကို မပိတ်ဆိုဖို အစိုးရကိုတောင်းဆိုထား
၃။ ထရမ့်၏ နိုင်ငံခြားရေးပေါ်လစီ အပြောင်းအလဲကြီးအနေဖြင့် အမျိုးသားလုံခြုံရေးကောင်စီဝန်ထမ်း အများအပြား လျှော့ချ
၄။ ဂျပန်နိုင်ငံ၊ တိုကျိုမြိုအနီး စျေးရောင်းစင်တာ ကုန်တိုက်တစ်ခုတွင် အမေရိကန်နိုင်ငံသားတစ်ဦးက ငရုတ်ကောင်းဆေးဖျန်းဘူးကိရိယာဖြင့် တိုက်ခိုက်၍ လူ ၄၀ ကျော်ဒဏ်ရာရ
၅။ ထိုင်းကာကွယ်ရေးစီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ
၆။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ၏ လုပ်ရပ်က ရန်လိုသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရစွပ်စွဲပြောဆို
အားကစားသတင်းများ
၁။ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်မည်
၂။ ချန်ပီယံလိဂ် အမျိုးသမီး ဖိုင်နယ်ပွဲစဉ်တွင် ဘာစီလိုနာကို တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်
၃။ ပထမအချီမပြီးဆုံးခင် ပြိုင်ဘက်၏ အလဲထိုးခြင်းခံခဲ့ရသည့် အဲမွီ
၄။ ဘောလုံးက တရားမျှတတယ်ဆိုရင် ဒီနှစ် ballon d’or ကို ယာမဲလ်နဲ့ ရာဖင်ဟာ အတွဲကို ပေးသင့်တယ်လို ဆိုလာတဲ့ ဒရောဘာ
၅။ ချန်ပီယံလိဂ် ဝင်ခွင့်မရ၍ Adidas ထံ မန်ယူအသင်း ပေါင် (၁၀) သန်း ပြန်ပေးရမည်
အနုပညာသတင်းများ
၁။ ငလျင်ဘေးသင့်ဒေသများသို လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်
၂။ မျက်ကွယ်ရာ ဇာတ်လမ်းတွဲက အိမ်ထောင်ရေးတစ်ခုမှာ ကိုယ်မထင်မှတ်ဘဲ သတိလက်လွတ် ဂရုမစိုက်တာလေးတွေက အတိမ်းအစောင်းဖြစ်စေတာမို သဘာဝနဲ့အနီးစပ်ဆုံး မီးမောင်းထိုးထားတယ်ဆိုတဲ့ အေးမြတ်သူ
၃။ ဝါရင့်ဇာတ်ပိုသရုပ်ဆောင် ဒေါ်ခင်သန်းဝင်း သွေးတိုးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်