
(၂၁-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၁-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်
၂။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ ဘယ်လာရုစ်နိုင်ငံမှ ပြန်လည်ရောက်ရှိ
၃။ လက်နက်ဖြင့် မဖြေရှင်းဘဲ ရွေးကောက်ပွဲနှင့်သာ ဖြေရှင်းရန် တိုင်းလိုင်(ရှမ်းနီ) ဥက္ကဋ္ဌ ပြော
၄။ အစိုးရက အခမဲ့ပညာရေးလုပ်ပေးနေသော်လည်း PDF နယ်မြေများတွင် ပိုက်ဆံပေးကာ စာသင်နေရ
၅။ ကြွေးကျန်ကင်းရှင်းသည့် တောင်သူလယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအသစ်များ စတင် ချေးပေးနေ
၆။ အကြမ်းဖက် AA ထိန်းချုပ်ရာ ပလက်ဝဒေသသို ကုန်စည်ပိုဆောင်မှုများကို အိန္ဒိယအစိုးရ ကန့်သတ်
၇။ မိန်းမကို ဓားနဲ့ ရက်ရက်စက်စက် ခုတ်သတ်တဲ့သူကို သာယာဝတီ PDF ဖမ်းဆီးပြီးမှ အရေးဆက်မယူဘဲ NUG ထံ လွှမည်ပြော
၈။ မေလ ၂၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၃၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၅၀ ကျပ်၊ Octane 95 – ၂၈၀၅ ကျပ်၊ Diesel – ၂၃၂၀ ကျပ်၊ Premium Diesel – ၂၈၅၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် သဘောတူညီမှု ရသည်ဖြစ်စေ မရသည်ဖြစ်စေ အီရန်က ယူရေနီယမ်သန့်စင်မှုကို ဆက်လက်လုပ်ဆောင်မည်
၂။ ရုရှားသမ္မတ ပူတင်နှင့် ဖုန်းပြောအပြီး အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေး စတင်ဆွေးနွေးတော့မည်ဟု ပြောကြားလာ
၃။ ဖြူးထိုင်းနှင့် ဘူဂျထိုင်းပါတီတိုအကြား တင်းမာမှုများမြင့်တက်
၄။ ဂါဇာတစ်ခုလုံးကို ထိန်းချုပ်သွားမယ်လို အစ္စရေးဝန်ကြီးချုပ် ပြော
၅။ ယူကရိန်းပဋိပက္ခ ရည်မှန်းချက်ပန်းတိုင်တွေအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းကို လိုလားနေဆဲဖြစ်တယ်လို ရုရှားအစိုးရပြော
၆။ ပလူတိုဂြိုဟ်အကျော်၌ ကွယ်နေသည့်အရာဝတ္ထုတွေ့ရှိပြီးနောက် နဝမမြောက်ဂြိုဟ်တည်ရှိနေနိုင်ဖွယ် ရှိဟုယူဆ
အားကစားသတင်းများ
၁။ ခရမ်းမြိုနယ်တွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
၂။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးသော Esports အားကစားပြိုင်ပွဲဖြစ်သည့် National Esports Championship ပြိုင်ပွဲ ကျင်းပမည်
၃။ ဘောလုံးပေးပိုမှုတွင် မက်ဆီပြီးပါက ဒီဘရိုင်း အကောင်းဆုံးဟု နည်းပြဂွါဒီယိုလာ ချီးကျူး
၄။ IFFHS မှ ထုတ်ပြန်သည့် ထာဝရအကောင်းဆုံးဘောလုံးသမား (၁၀)ဦးစာရင်း၌ စီရော်နယ်လ်ဒိုကို အဆင့် (၄)နေရာတွင်သာ သတ်မှတ်ခဲ့၍ အငြင်းပွားမှုများရှိနေ
၅။ ကစားသမားဘဝတိုးတက်ရန် လီဗာပူးမှ ထွက်ခွာရန်လိုဟု အယ်လီယော့ ဝန်ခံ
အနုပညာသတင်းများ
၁။ မေလေးသာ ဒုတိယလူဖြစ်ခဲ့ရင်၊ ကိုယ့်မချစ်တဲ့သူဆိုရင်တော့ ထားခဲ့မှာပါ ဆိုတဲ့ မေမြင့်မိုရ်
၂။ ကိုကို Team ကမို ကိုကိုလိုခေါ် ရတာ မုဒ်ထည့်စရာမလိုဘူး ဆိုတဲ့ သံသာညီ
၃။ ပရိသတ်တွေအတွက် အချစ်သီချင်းတွေနဲ့ ထူးထူး ဆန်းဆန်းအကြောင်းအရာလေးတွေပါမယ့် MTV တွေ မကြာခင်ထွက်လာဖိုရှိတယ်ဆိုတဲ့ Ice Cold