(၁၈-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၈-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရွေးကောက်ပွဲကျင်းပမည့်ရက်အား လျာထားသတ်မှတ်ပြီးဖြစ်ပြီး အချိန်မီကြိုတင်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း UEC ပြောကြား

၂။ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၇၁ ဦးကို ဖန်တီးပေးနိုင်မည့် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၉ ခုကို MIC ခွင့်ပြု

၃။ ငွေကြေးအရင်းအနှီးလိုအပ်နေသည့် ဆီစက်လုပ်ငန်းများအား ချေးငွေ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးပေးမည်

၄။ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဇေယျာသီရိနဲ့ ပုဗ္ဗသီရိမြိုနယ်များအတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး

၅။ ပြည်တွင်းစက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ၇၅ ကျပ် မှ ၁၂၅ ကျပ်ခန့်အထိ ကျဆင်းလျက်ရှိ

၆။ 𝘼𝘼 အကြမ်းဖက်အဖွဲ၏ အစီအစဥ်ဖြင့် မလေးရှားနိုင်ငံသိုပိုဆောင်ရန် ရှမ်း/တောင်မှ သယ်ဆောင်ထားသည့် မူးယစ်ဆေးဝါးများကို ပင်လယ်ပြင်က သင်္ဘောတွေပေါ်ရောက်နေမှဖမ်းမိ

၇။ ဒုက္ခသည်များကို အကူအညီပေးနေချိန်တွင် မြန်မာတပ်စခန်းကို ကရင်တပ်ဖွဲများသိမ်းပိုက်လိုက်၍ ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး

၈။ မေလ ၁၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၅၀ ကျပ်၊ Octane 95 – ၂၈၀၅ ကျပ်၊ Diesel – ၂၃၂၀ ကျပ်၊ Premium Diesel – ၂၈၅၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ နျူကလီးယားလက်နက်များ ထိန်းချုပ်မှုနှင့်ပတ်သက်ပြီး အိန္ဒိယနှင့် ပါကစ္စတန်အကြား အပြန်အလှန်စွပ်စွဲ

၂။ အမေရိကန်သမ္မတကို လုပ်ကြံသတ်ဖြတ်ရန် ခြိမ်းခြောက်သော FBI ဒါရိုက်တာဟောင်းကို စုံစမ်းစစ်ဆေးမည်

၃။ ဘင်္ဂလားဒေရှ့အိမ်စောင့်အစိုးရက ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာ ဦးဆောင်သော အေဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲမှတ်ပုံတင်ခွင့် ပိတ်ပင်

၄။ ထရမ့်ပ်အော်ဂန်နိုက်ဇေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီ၏ ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံမှုကို ဗီယက်နမ် ခွင့်ပြု

၅။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ငြိမ်းချမ်းရေးကို ရှောင်ရှားသည့်အတွက် ပေးဆပ်ရမည်ဟု ယူကေဝန်ကြီးချုပ် ကီယာစတာမား ပြောကြား

၆။ ရုရှားနဲ့ယူကရိန်း ညှိနှိင်းဆွေးနွေးပွဲရလဒ် နှစ်ဖက်သုံပန်း ၁,၀၀၀ စီ ဖလှယ်ကြရေး သဘောတူ

အားကစားသတင်းများ

၁။ CHINA-ASEAN CUP ပိုက်ကျော်ခြင်းပြိုင်ပွဲသို နိုင်ငံကိုယ်စားပြု လက်ရွေးစင် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအဖွဲ သွားရောက်ယှဉ်ပြိုင်မည်

၂။ ဂျပန်ဖိုက်တာ မူဂါဆီတို ထိပ်တိုက်ရင်ဆိုင်ရမည့် ရိုးရာ ဖိုက်တာ စူပါရေချမ်း

၃။ လီဗာကူဆင်နောက်ခံလူ ဖရင်ပေါင်ကို စာချုပ်ပါလျော်ကြေးပေးပြီး လီဗာပူးခေါ်ယူရန် နီးစပ်နေ

၄။ ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

၅။ တိုက်စစ်မှူးခေါ်ယူရန် စံချိန်တင်ငွေကြေးသုံးစွဲနိုင်ဟု အာဆင်နယ်နည်းပြပြော

အနုပညာသတင်းများ

၁။ မျက်ကွယ်ရာ ဇာတ်လမ်းတွဲမှာ ရွှေထူးနဲ့​အတူ သရုပ်ဆောင်ထားတဲ့ဆင်းန်တွေမှာ အမြင်မသင့်တော်တာတွေ ကြည့်လိုမကောင်းတာတွေရှိရင် ပရိသတ်က ဖြည့်ကြည့်ပြီး နားလည်ပေးပါလို ပြောလာတဲ့ ရွှေမှုရတီ

၂။ စတိတ်ရှိးတစ်ပုဒ်ဆိုနိုင်ရုံ၊ နှစ်ပါးသွားတစ်ပုဒ် ကနိုင်ရုံနဲ့ ဇာတ်မင်းသားမဖြစ်ဘူးဆိုတဲ့ တင်မောင်ဆန်းမင်းဝင်း

၃။ လူငယ်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံ “နွေရာသီ၃၆” ဇာတ်ကား Mahar Application က မနက်ဖြန်မှာ ပြသမည်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၇-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post (၁၈-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ